Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်၌ ပြည်ပပြန် ၉၀၀ ကျော်ရှိ၊ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ ၁ ဦးထပ်တွေ့
DVB
·
March 30, 2020
ပဲခူးတိုင်း၊ ​ညောင်​လေးပင်မြို့နယ်​ ပြည်သူ့​ဆေးရုံ​မှာ မတ်လ ၂၉ ရက်​နေ့အထိ ကိုရိုနာဗိုင်း​ရပ်စ်စောင့်​ကြည့်သံသယလူနာတစ်ဦး​ထပ်တွေ့ရှိပြီး ပြည်ပက ပြန်လာသူ ​ရွှေ့​​ပြောင်းအလုပ်သမား ၉၀၀ ကျော်ရှိနေတယ်လို့ မြို့နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ပြွန်တန်ဆာမြို့၊ မြို့မ(၄)ရပ်ကွက်၊ ဆိတ်ပြန်ကြီးကျေးရွာနေ အသက် ၅၃ နှစ် အမျိုးသမီးဟာ မတ်လ ၂၄ ရက်က ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂)မှ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပြီး မတ်လ ၂၆ ရက်မှာ နေအိမ်မှာ ဖျားနာအသက်ရှုကြပ်တာကြောင့် ပြွန်တန်ဆာတိုက်နယ် ​ဆေးရုံကို ကိုယ်ပူချိန်  ၉၉ ဒီဂရီဖာရင်ဟိုက်နဲ့ တက်​ရောက်ခဲ့တာ​ဖြစ်ပါတယ်။ ပြွန်တန်ဆာတိုက်နယ်ဆေးရုံမှာ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် ညောင်လေးပင် ပြည်သူ့ဆေးရုံကို မတ်လ ၂၉ ရက်က လွှဲပြောင်းပြီ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်/သံသယလူနာအဖြစ် စောင့်ကြည့်ကုသပေး​နေတာဖြစ်တယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သောင်းဒန်ဦး ဒီဗွီဘီ ကိုပြောပါတယ်၊ "လူနာရဲ့ နှာရည်များအား တို့ပတ်ဖြင့်နမူနာယူကာ ဓါတ်ခွဲစမ်းသပ်ဖို့ ပို့ဆောင်ထားပါတယ်။ သူ့ကိုတော့ သီးသန့်ခန်းမှာထား​ပြီး ​စောင့်​ကြည့်ကု​ပေး​နေပါတယ်။" ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၄ ရက်မှ ၂၉ ရက်နေ့အထိ ပြည်ပက ပြန်လာသူ ရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော်ရှိပြီ ပြည်ပကပြန်လာသူတွေကို နေအိမ်နဲ့ တခြားသတ်မှတ်နေရာတွေမှာ Home Quarantin နဲ့ Facility Quarantine အသွားအလာ ကန်သတ်ထားကာ ၁၄ ရက်​စောင့်ကြည့် စစ်ဆေးနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုဦးစီးမှူး ဦးမျိုး​မြင့်အောင် ကပြောပါတယ်။ Facility Quarantine ကို စာသင်ကျောင်း ၇ ခုမှာဖွင့်လှစ်​စောင့်​ကြည့်​နေပြီး၊ စားဝတ်နေရေး အတွက် မိသားစုဝင်​တွေ လာရောက်မထောက်ပံ့နိုင်ပါက မြို့နယ်အစီအစဉ်နဲ့ ​​ထောက်ပံ့ကူညီ ပေးနေတယ်လို့ ဆိုပါတယ်။ ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်မှာ စောင့်ကြည့်သံသယလူနာ ၄ ဦးရှိပြီး စောင့်ကြည့်သံသယလူနာ ၄ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိရဘူးလို့  ကျန်းမာရေးဦးစီးဌာနက ထုတ်​ပြန်ထားပါတယ်။ သတင်း၊ဓါတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024