Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းကို ထောင်ဒဏ် နှစ် ၃၀ ကျော် ပြစ်ဒဏ် အမိန့်ချ
နေဖြိုးဝင်း
·
March 30, 2020
91609671_3350188798329449_5157152482836611072_o
လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ACE ကုမ္ပဏီပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းကို ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ဒက္ခိဏသီရိခရိုင်တရားရုံးက စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ နဲ့ ၇ လ ပြစ်ဒဏ်  အမိန့်ချမှတ်လိုက်ပါတယ်။ ဖြိုးကိုကိုတင့်ဆန်းနဲ့အတူ လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် အပါအဝင် အမှုဖြစ်စဉ်မှာပါဝင်ပတ်သက်ခဲ့သူ စုစုပေါင်း ၁၂ ဦးရှိခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်း တစ်ဦးသာ ပြစ်ဒဏ်အများဆုံး ချမှတ်ခဲ့တာပါ။  ဖြိုးကိုကိုတင့်ဆန်းရဲ့ ရှေ့နေဖြစ်သူ ဦးမြင့်အောင်က “ ဖြိုးကိုကိုတင့်ဆန်းကို တရားစွဲတဲ့ အမှု ၁၄ မှု အမိန့်ချတယ်။ ဖြိုးကိုကိုတင့်ဆန်းအပေါ်မှာ လွှတ်တာတော့ တစ်ခုမှ မရှိဘူး။ ထောင်ဒဏ်စုစုပေါင်း အားလုံးချလိုက်တဲ့ အမှု ၁၄ မှုဆိုရင် ပြစ်ဒဏ်ပေါင်း နှစ် ၃၀ နဲ့ ၇ လလောက်ရှိမယ် ထင်တယ် ” လို့ပြောပါတယ်။ တရားခံစုစုပေါင်း ၁၂ ဦးထဲမှာ နှစ်ဦးသာ ချုပ်ရက်နဲ့ လွတ်မြောက်ခဲ့ပြီး တရားခံအသီးသီး ပြစ်ဒဏ် ကျခံရမှာဖြစ်ပါတယ်။ တရားခံတွေဘက်ကနေ ဥပဒေအရ ခံစားရှိတာတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဖြိုးကိုကိုတင့်ဆန်းက အယူခံဆက်တက်ဖို့ ပြောဆိုခဲ့တယ်လို့ ရှေ့နေဦးမြင့်အောင်က ပြောပါတယ်။ ဖြိုးကိုကိုတင့်ဆန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်လေဆိပ်မှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး အမှုဟာ ၂ နှစ်နဲ့ ၃ လကျော်ကြာမြင့်ခဲ့ကာ ရုံးချိန်းပေါင်း ၁၀၉ ချိန်းဆို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024