Home
မြန်မာသတင်း
ရှမ်းပြည်နယ်အတွင်း ၅ ရက်တဈေးနှင့် ညစျေးများ ဧပြီလကုန်အထိ ပိတ်ရန် ညွှန်ကြား
DVB
·
March 29, 2020
5day 1 market close Shan 4
5day 1 market close Shan 3
5day 1 market close Shan 2
5day 1 market close Shan 1
ရှမ်းပြည်နယ်အတွင်း ဒေသဓလေ့ဖြစ်တဲ့ ၅ ရက်တဈေး စျေးနေ့နဲ့ ညစျေးတွေကို COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ဧပြီလကုန်ထိ ပိတ်သိမ်းရန် မတ်လ ၂၉ ရက်က အစိုးရ ညွှန်ကြားစာ ထုတ်ပြန်လိုက်ပါတယ်။ ပုံမှန်စျေးတွေက နေ့စဉ်ဖွင့်ထားပေမယ့် လူတွေ အရမ်းစည်ကားတဲ့ ၅ ရက်တဈေး စျေးနေ့တွေ၊ ညမှာဖွင့်တဲ့ ညစျေးတွေကို ပိတ်သိမ်းခိုင်းတာ ဖြစ်ပါတယ်။ “တရားဝင် ဒီနေ့ထုတ်ပြန်လိုက်တယ်။ ပုံမှန်စျေး နေ့စဉ်စျေးတွေက ဖွင့်နေမှာ၊ ၅ ရက်တဈေးက လူတွေ စုပြုံတိုးတယ်။ အဲတော့ လူစုလူဝေး ထိန်းချုပ်ဖို့အတွက် ၅ ရက်တဈေး မရှိတော့ဘူးဆိုတဲ့ သဘောပေါ့၊ ရှမ်းပြည်နယ်က ၅ ရက်တဈေးဟာ ဓလေ့ထုံးစံအရ ရိုးရာလို ဖြစ်နေတယ်” လို့ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ မြို့နယ်တိုင်း ၅ ရက်တဈေး စျေးနေ့ဆိုပြီး သတ်မှတ်ကြပြီး အဲစျေးနေ့မှာ စျေးဝယ်ထွက်ကြကာ စျေးသည်တွေကလည်း စျေးနေ့အလိုက် စျေးပတ်ရောင်း ကြပါတယ်။ COVID-19  ကာကွယ်ထိန်းချုပ်ရေးအတွက် အဲဒီသတ်မှတ်တဲ့ စျေးနေ့တွေ မရောင်းဖို့ ညနေအစားအသောက်ရောင်းတဲ့ ညစျေးတွေကို ပိတ်ဖို့ ညွန်ကြားစာထုတ်ပြန်လိုက်တာပါ။ ရှမ်းပြည်နယ် အစိုးရအနေနဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်မြို့ထွက်တွေ စစ်ဆေးတာ၊ ဆေးဖျန်းတာ၊ စျေးတွေမှာ စျေးဖျန်းတာ၊ ပြည်တော်ပြန်တွေ အတွက် ၁၄ ရက် စောင့်ကြည့်တာတွေ ပြုလုပ်နေပြီး ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်ထဲ ကိုယ်နေဖို့ကိုလည်း ဦးကိုကိုလွင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024