COVID-19 ကြောင့် မလေးရှားတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများကို အစားအသောက် ဝေငှ
DVB
·
March 29, 2020
COVID-19 ကြောင့် မလေးရှားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှား မြန်မာသံရုံးက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်နဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကာ လက်လှမ်းမီသမျှ လိုက်လံကာ အစားအသောက်တွေ ဝေငှပေးနေပြီး အကူညီလိုအပ်ပါက ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။
မလေးရှားနိုင်ငံ ဘလက်ကောင်းမြို့၊ စာတန်းမြို့၊ ဂျလန်လော့ရီ ပူတူးမြို့နယ်၊ ခဲရပ်မြို့နယ်၊ ချင်းတိုင်းရင်းသားများကွန်မြူနတီ C.R.C၊ ချင်းတိုင်းရင်းသားများကွမိုင်ဘုန်းတော်ကြီး၊ ချင်းတိုင်းရင်းသားကွန်မြူနတီဇိုမီး၊ မွတ်ဆလင် ဘာသာဝင်မိသားစုတွေ၊ ပူချွန်းမြို့ D.H.L နဲ့ ပူချွန်းမြို့ ၁၄ မိုင်ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်ကာ ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
ကျန်နေရာဒေသတွေကိုလည်း အတတ်နိုင်ဆုံး သွားရောက်ကာ နေ့စဉ်လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားတွေ နေထိုင်ရာ နေရာတွေမှာလည်း ဆန်၊ ဆီ၊ ဆား လိုအပ်ချက်တွေရှိရင် နယ်မြေခံ စေတနာအကျိုးဆောင်တွေကို ဆက်သွယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဆက်သွယ်ရမယ့်သူတွေကတော့ ဇိုမီးကွန်မြူနတီ 016-2544093၊ C.R.C ကွန်မြူနတီ 016-9960503၊ A.C.R ကွန်မြူနတီ 017-3377843၊ စာတန်းပရဟိတ 01123153866၊ သစ္စာမဏ္ဏိုင်ပရဟိတ ဘလက်ကောင်းမြို့ 0112848478814၊ မိုင်ဘုန်းတော်ကြီးကျောင်း ပူချွန်းမြို့ 01169888322၊ ပူတူးမြို့ (သားဝတုတ် ပါတိတ်) 017-6464769၊ ချဲရပ်မြို့က ကိုပီတာ 01151909359 တို့ကို ဆက်သွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဂျော်နီ