ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန် ဖျာပုံမြို့အဝင် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေး
DVB
·
March 28, 2020
ဧရာဝတီတိုင်း ဖျာပုံမြို့အဝင်ဂိတ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ၊ မရှိ အပူချိန်တိုင်းတာတွေကို ဒီနေ့မနက်ပိုင်းက စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဖျာပုံ-မအူပင် ကားလမ်းပေါ်ရှိ အမှတ် ၁၄ ရပ်ကွက် ရုံးရှေ့နဲ့ ဖျာပုံ-ဒလ ကားလမ်း ဖျာပုံမြစ်ကူးတံတားအနီးရှိ အမှတ် ၃ ရပ်ကွက်တို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ COVID -19. ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဝင်တွေ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆေးနေတာပါ။
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရီးသွားပြည်သူတွေကို အဖျားရောဂါရှိ၊ မရှိ ကိုယ်အပူချိန်တိုင်းတာပြီး ကျန်းမာရေးစစ်ဆေးတာတွေကို ဒီနေ့မနက် ၇ နာရီကနေ ည ၉ နာရီအထိ လုပ်သွားမယ်လို့ သိရပါတယ်။
ကျော်စိုးမိုး