ရှပ်ရှင်လောကသား အယောက် ၁၀၀၀ ကို စားသောက်ကုန် လှူဒါန်း
သူဇာလင်း
·
March 27, 2020
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ရှပ်ရှင်လောကသား အယောက် ၁၀၀၀ အတွက် စားသောက်ကုန် လှူဒါန်းခဲ့ပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး အလှူရှင်တွေ စုပေါင်းကာ ရုပ်ရှင်လောကသားတွေကို နှစ်စဉ် သင်္ကြန်ကာလနီးတိုင်း အခုလို စားသောက်ကုန်တွေ လှူဒါန်းပေးနေကြလို့ ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးက ပြောပါတယ်။
ရုပ်ရှင်လောကသား တယောက်စီကို ဆန် ၅ ပြည်၊ ဆီ ၁ ဘူး မာမားခေါက်ဆွဲခြောက် ၁ ဖာနဲ့ ငါးသေတ္တာ ၅ ဘူးစီ ဝေမျှလှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် COVID-19 ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးမဖြစ်အောင်လို့ မတ်လ ၂၇ ရက်နေ့စပြီး ၃ ရက်အကြာ ရုပ်ရှင်ဆိုင်ရာ အလွှာအလိုက်ခွဲပြီး ပေးဝေနေတယ်လို့ ဆိုပါတယ်။
မတ်လ ၂၇ ရက်နေ့မှာတော့ ဇာတ်ညွှန်းအလွှာ၊ အုပ်ချုပ်ဖြန့်ချိအလွှာ၊ တည်းဖြတ်အလွှာ၊ ရုပ်ရှင်ထုတ်လုပ်သူအလွှာ၊ ဗွီဒီယိုအခြေခံအလွှာ၊ ဒါရိုက်တာအလွှာနဲ့ အဓိက သရုပ်ဆောင် အလွှာတို့ကို ပေးဝေနေတာ ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာတော့ ဇာတ်ပို့ဇာတ်ရံအလွှာနဲ့ မတ်လ ၂၉ ရက်နေ့မှာတော့ စက်မှုအလွှာတို့ကို ပေးအပ်လှူဒါန်းသွားမယ်လို့ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။
ပစ္စည်းလာရောက်ထုတ်ယူမယ့် ရုပ်ရှင်လောကသားတွေကတော့ သတ်မှတ်ရက်အတိုင်း ဝင်္ကဘာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ လာရောက်ထုတ်ယူဖို့ ထုတ်ပြန်ထားပါတယ်။