နိုင်ငံရေးပါတီပေါင်း ၂၈ ခုကို ပယ်ဖျက်ထားဟု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
DVB
·
March 27, 2020
လက်ရှိအချိန်ထိ နိုင်ငံရေးပါတီပေါင်း ၂၈ ခုကို ပယ်ဖျက်ခဲ့ပြီး ပါတီ ၉၆ ခုဟာ ကော်မရှင်နဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။
မတ် ၂၅ ရက်စွဲနဲ့ ကော်မရှင် ထုတ်ပြန်ချက်အရ ဒီမိုကရေစီစနစ် စတင်ချိန်ကနေ အခုအချိန်ထိ နိုင်ငံရေးပါတီပေါင်း ၁၂၇ ခုကို တည်ထောင်ခွင့်ပြုခဲ့ပြီး လက်ရှိမှာတော့ ၉၉ ခု ရှိနေတယ်လို့ ဆိုပါတယ်။ ဒီထဲက ၃ ခုကိုတော့ ယာယီရပ်ဆိုင်းထားတာဖြစ်လို့ ပါတီ ၉၆ ခုပဲ ကော်မရှင်နဲ့ ဆက်သွယ်ဆောင်ရွက်နေတာပါ။
ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံး ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီ ၇၉ ပါတီရှိပြီး တိုင်းနဲ့ ပြည်နယ်တို့မှာပဲ ဝင်ရောက် ယှဉ်ပြိုင်စည်းရုံးမယ့်ပါတီက ၂၀ ရှိပါတယ်။ လတ်တလောမှာတော့ ပူးပေါင်းခွင့် တင်ပြထားတဲ့ ပါတီ ၃ ခုရှိနေပြီး စိစစ်နေဆဲ ဖြစ်ပါတယ်။