Home
မြန်မာသတင်း
ထိုင်းမှ နေရပ်ပြန် မြန်မာအလုပ်သမား တနေ့တည်း ၅၀၀၀ ကျော် ဝင်ရောက်
DVB
·
March 27, 2020
IMG_2817
IMG_2814
IMG_2768
IMG_2759
IMG_2752
IMG_2713
IMG_2696
IMG_2692
IMG_2681
IMG_2657
IMG_2645
IMG_2739
မြဝတီနယ်စပ် ထိုင်း- မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ မတ်၂၆ ရက်က နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၃၄၄၁ ဦးနဲ့ အမျိုးသမီး ၁၅၇၁ စုစုပေါင်း ၅၀၁၂ ဦး ရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအတွင်း COVID-19 အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံများအရ မတ်လ ၂၆ ရက်က စတင်ပြီး ခရိုင်၊ မြို့နယ်၊ ကျေးလက်ဒေသများအထိ ကူးသန်းသွားလာ တာနဲ့ နေအိမ်ပြင်ပ ထွက်တာတွေကို အချိန်အကန့်အသတ်နဲ့ သွားလာကြဖို့ အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက် ချိုးဖောက်ပါက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။  မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း ဗီဇာ သက်တမ်း ၃ လ နေထိုင်ခွင့်ပြုတာ၊ လုပ်ခလစာတွေအတွက် အလုပ်သမား အခွင့်အရေးဆိုင်ရာ ထောက်ပံ့ငွေတွေ၊ နစ်နာကြေးနဲ့ လျော်ကြေးငွေတွေကို အလုပ်ရှင်တွေက ထောက်ပံ့ပေးအပ်ဖို့ ထုတ်ပြန်ကြေညာထားပါတယ်။ Photo - Saw Tar Tu / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024