ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန် မန္တလေးမဟာမုနိဘုရားဖူးသူများအတွက် အချိန်သတ်မှတ်
Aung Aung Naing
·
March 26, 2020
မြန်မာနိုင်ငံတွင် (COVID-19) ရောဂါကြိုတင်ကာကွယ်နိုင်ဖို့ မန္တလေး မဟာမုနိဘုရားကြီးကို လာရောက်ဘုရားဖူးမျှော်သူများအတွက် ဘုရားဖူးချိန် ဒီနေ့ စတင် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
မန္တလေးမြို့ မဟာမုနိဘုရားကြီးဘုရားဖူးများ ဝင်ရောက်ဖူးမြော်ကြည်ညိုချိန်ကို မတ်လ ၂၆ ရက်နေ့က စတင်ပြီး နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်လိုက်ထာလို့ ဂေါပကအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
“အခုလို မန္တလေးမြို့က မဟာမြတ်မုနိဘုရားကြီးကို အချိန်သတ်မှတ်လိုက်ရတာက သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့လမ်းညွှန်မှုအရ ဘုရားဖူးများ ဝင်ရောက်ဖူးမြော် ကြည်ညိုချိန်ကို ပြောင်းလဲရခြင်းဖြစ်ပါတယ်။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါ ကြိုတင် ကာကွယ်နိုင်ဖို့ အတွက် အခုလို အချိန်သတ်မှတ်ရတာ” လို့ မန္တလေးမဟာမုနိဘုရားကြီးဂေါပအဖွဲ့ တာဝန်ရှိသူတဦး ပြောပါတယ်။
ဘုရားဖူးများကို ဘုရားဖူးချိန် ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် မဟာမြတ်မုနိဘုရားကြီးရဲ့ မျက်နှာတော်သစ်မင်္ဂလာကိုတော့ ရေတော်ဆရာတော်ကြီးဦးဆောင်ပြီး ပုံမှန်အတိုင်း မနက် ၄ နာရီ ၃၀ မိနစ်မှာ ပုံမှန်အတိုင်းပြုလုပ်သွားမှာဖြစ်ပါတယ်။