Live
Home
မြန်မာသတင်း
အမေရိကန်နိုင်ငံသားများ မသွားသင့်သည့်နေရာကို သံရုံးထုတ်ပြန်
DVB
·
March 26, 2013
မန္တလေးတိုင်း မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေ ကူးစက်ပျံ့နှံ့လာတဲ့အတွက် အမေရိကန်နိုင်ငံသားတွေကို ရန်ကုန်က မင်္ဂလာဈေးနဲ့ ယုဇနပလာဇာတို့လို နေရာတွေကို ရှောင်ရှားဖို့ ရန်ကုန်အမေရိကန်သံရုံးက မတ် ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် မတ် ၂၆ ရက်နေ့မှာ ဒီနေရာမှာ တိုက်ခိုက်မှု တချို့ဖြစ်ပွားခဲ့ပြီးတော့ လုံခြုံရေးတွေ အမြောက်အမြားရှိနေသလို ဆိုင်တွေလည်း ပိတ်ထားရတယ်လို့ သံရုံးရဲ့ အင်တာနက်စာမျက်နှာကနေပြီး အမေရိကန်နိုင်ငံသားတွေကို သတိပေးထားပါတယ်။ အများလူထုနေရာတွေမှာလည်း သတိရှိရှိနဲ့ နေထိုင်ကြဖို့ လူစုလူဝေးနေရာတွေကို ရှောင်ကြဉ်ဖို့ အမေရိကန်သံရုံး အင်တာနက် စာမျက်နှာ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ငြိမ်းချမ်းတဲ့ ဆန္ဒပြတာတွေဖြစ်ပေမယ့် အချိန်မရွေး အကြမ်းဖက်မှု ဖြစ်လာနိုင်သလို ခန့်မှန်းလို့ မရနိုင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။ ဒါအပြင် အကြမ်းဖက်မှု ဖြစ်ပွားနေတဲ့ မန္တလေးတိုင်းကိုလည်း ရှောင်ရှားဖို့ ရေးသားထားပါတယ်။ သံရုံးအင်တာနက် စာမျက်နှာကိုလည်း စောင့်ကြည့်ဖို့ သတိပေးထားပါတယ်။ အရင်ကလည်း ကချင်နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် အဲဒီနေရာတွေကို သွားရောက်တာကနေ ရှောင်ရှားဖို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ဖူးပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024