Homeမြန်မာသတင်း
မြန်မာနိုင်ငံလာမည့် ပြည်ပခရီးသည်အားလုံး COVID-19 ရောဂါကင်းရှင်းကြောင်း အထောက်အထား ယူလာရမည်
မြန်မာနိုင်ငံလာမည့် ပြည်ပခရီးသည်အားလုံး COVID-19 ရောဂါကင်းရှင်းကြောင်း အထောက်အထား ယူလာရမည်
DVB
·
March 24, 2020
ဒီနေ့ ညသန်းခေါင်ချိန်ကစလို့ မြန်မာနိုင်ငံကို လာရောက်မယ့် ကမ္ဘာ့နိုင်ငံအားလုံးက ခရီးသည်တွေအတွက် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြိုတင်ကာကွယ်ရေး အစီအမံတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အရင်ကတော့ နိုင်ငံတချို့ကိုပဲ ကန့်သတ်ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး အခုတော့ ဘယ်နိုင်ငံမဆိုကနေ လာရောက်မယ့် ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မတက်ခင် လွန်ခဲ့တဲ့ ၇၂ နာရီ (၃ ရက်) အတွင်း COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲစစ်ဆေးတဲ့ အဖြေ အထောက်အထား ယူလာရမယ်လို့ ဆိုပါတယ်။
ဒါဟာ တခြားနိုင်ငံတချို့ရဲ့ ပြည်ဝင်ခွင့်ထက်ပိုပြီး ကန့်သတ်တင်းကြပ်လိုက်တာဖြစ်ပြီး တချို့နိုင်ငံတွေကတော့ ကျန်းမာရေးထောက်ခံချက်ယူလာဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။
ဒါ့အပြင်ရောက်ရှိလာသူအားလုံးဟာ သီးသန့် သတ်မှတ်ထားတဲ့နေရာတွေမှာ ၁၄ ရက်ကြာ စောင့်ကြည့်ခံရမှာလည်း ဖြစ်ပါတယ်။
အခု အသစ်ထုတ်ပြန်လိုက်တဲ့ သတ်မှတ်ချက်ဟာလည်း ခရီးသွားတွေ၊ သံတမန်တွေ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ ဝန်ထမ်းတွေအတွက် ဖြစ်ပါတယ်။