Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဦး တွေ့ရှိ
DVB
·
March 24, 2020
90024150_3101923339846145_1842708293319917568_n
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ယောက် တွေ့ရှိကြောင်း မတ် ၂၃ ရက်  ည ၁၁း၄၅ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံရှိ အမေရိကန်နိုင်ငံက (မတ် ၁၃ ရက်နေ့) ပြန်လာသူ အသက် (၃၆ )နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ quarantine ထားရှိနေတဲ့ အင်္ဂလန်နိုင်ငံက (မတ် ၂၂ ရက်နေ့) ပြန်လာသူ အသက် (၂၆) နှစ်အရွယ် အမျိုးသား ၁ ဦးတို့ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။ လက်ရှိမှာ သူတို့ ၂ ဦးကို တီးတိန်ပြည်သူ့ဆေးရုံနဲ့ ဝေဘာဂီအထူးကုဆေးရုံတို့မှာ အသီးသီး လွှဲပြောင်းကုသပေးနေပြီး ဓာတ်ခွဲနမူနာတွေကို ပြည်ပရှိ WHO ရည်ညွှန်းဓာတ်ခွဲခန်းတွေကို ဆက်လက်ပေးပို့စစ်ဆေး အတည်ပြုသွားဦးမယ်လို့ ဆိုပါတယ်။  အဲဒီ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ ၂ ဦးနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း ဖော်ထုတ်စောင့်ကြည့်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ မတ် ၂၃ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ စုစုပေါင်း ၂၁၂ဦး ရှိခဲ့ပါတယ်။ ဒီအထဲမှာ ဓာတ်ခွဲခန်းအဖြေက COVID-19 ရောဂါပိုးမရှိသူ ၂၁၀ ဦး ရှိပြီး ရောဂါပိုးတွေ့သူ ၂ ဦးရှိကြောင်း အတည်ပြုလိုက်တာပါ။ စောင့်ကြည့်နေစဉ် တခြားရောဂါများနဲ့ သေဆုံးသူ ၁၃ ယောက်ရှိခဲ့သလို ဆေးရုံဆင်းခွင့်ပြုသူ ၁၂၇ ယောက် ရှိထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၇၈၃၉၄ ဦး၊ သေဆုံးသူ ၁၆၄၉၁ ဦးနဲ့ သက်သာပျောက်ကင်းသူ ၁၀၁၅၈၄ ဦးရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024