Homeမြန်မာသတင်း
“ကိုယ့်ချစ်သူ”သီချင်းဖြင့် မြစ်ကြီးနားမှ ဝင်ရောက်ယှဉ်ပြိုင်သူ ရွှေမိုက်ခဲလေး-အောင်ဒင့် (ရုပ်သံ)
“ကိုယ့်ချစ်သူ”သီချင်းဖြင့် မြစ်ကြီးနားမှ ဝင်ရောက်ယှဉ်ပြိုင်သူ ရွှေမိုက်ခဲလေး-အောင်ဒင့် (ရုပ်သံ)
DVB
·
March 23, 2020
“ပျော်စရာကိုသာ ဝေမျှသူ… ပူပင်စရာဆို မျိုသိပ်သူ… ကိုယ့်ချစ်သူ အပြုံးမပျက် ဘူး… ပေးဆပ်ရဲသူ”
ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက လူငယ်တေးသံရှင် အောက်ထက်ရဲ့ နာ မည်ကြီး သီချင်းတပုဒ်မှန်း သိကြပြီး ဖြစ်မှာပါ။
“ကိုယ့်ချစ်သူ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကို ခုတခါမှာတော့ ရွက်ပုန်းသီး တေးသံရှင် ရွှေမိုက်ခဲလေး အောင်ဒင့်ရဲ့ သီဆိုမှုနဲ့အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။
ရွှေမိုက်ခဲသီချင်းဆိုပြိုင်ပွဲဟာ ရွက်ပုန်းသီး အဆိုဝါသနာရှင်တွေကို မြေတောင် မြှောက်ပေးဖို့အတွက် အွန်လိုင်းမှတဆင့် လျှောက်လွှာခေါ်ယူပြီး ယှဉ်ပြိုင်စေတဲ့ ပြိုင်ပွဲ တခု ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာတော့ တေးရေး မြင့်မိုးအောင် ၊ လီယိုနာဒ်မောင်မောင်လွင် ၊ ဝေကြီး ၊ အဆိုတော် ရေဗက္ကာဝင်းနဲ့ ဂျူဝယ်လ်တို့က ဒိုင်တွေအနေနဲ့ အကဲဖြတ် အမှတ်ပေးနေကြ တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဆင့်ဆင့်ရွေးချယ်မှုတွေနဲ့ ရွှေမိုက်ခဲသီချင်းဆိုပြိုင်ပွဲရဲ့ Semi Final အဆင့် ပြိုင်ပွဲဝင် ၁၂ ဦးဆက်လက်ယှဉ်ပြိုင်နေကြပြီး အောင်ဒင့်ကတော့ သူတို့ထဲ က တယောက်ဖြစ်ပါတယ်။
“ကိုယ်ယုံကြည်ရာကို သူဖေးကူ… ငြိုငြင်တာတွေ မရှိသူ… နူးညံတဲ့ သန့်စင်တဲ့ နှ လုံးသားရှိသူ… ဟန်ဆောင်ကြင်နာသူတွေကြားထဲ… မင်းရဲ့အချစ်ကိုပိုင်ခဲ့သူ… ကိုယ် ဟာတကယ်ကို ကံကောင်းတဲ့လူပဲ”
အောင်ဒင့်ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ် ပြီး အွန်လိုင်းပေါ်မှ ပထမအဆင့် ပြိုင်တုန်းကတော့ အဆိုတော် မျိုးကြီးရဲ့ “ညီလေး”သီ ချင်းနဲ့အတူ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။
လတ်တလောမှာတော့ ထူးခြားတဲ့ အသံ၊ ကိုယ်ပိုင်စတိုင်နဲ့ သီဆိုထားတဲ့ “ကိုယ့် ချစ်သူ”သီချင်းနဲ့ ယှဉ်ပြိုင်မှုကရော သူ့ကို နောက်တဆင့်ရောက်သွားနိုင်မလားဆိုတာကို တော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။