DVB Logo
Home
မြန်မာသတင်း
ကရင်နီဒုက္ခသည်စခန်း မီးလောင်၊ ၄၀ ကျော် သေဆုံး
DVB
·
March 24, 2013
ကရင်နီဒုက္ခသည်စခန်း မီးလောင်၊ ၄၀ ကျော် သေဆုံး
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ ရပ်ကွက်သစ်မှာ နေအိမ်တွေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ခွန်ယွန်မြို့နယ်ထဲက ကရင်နီ ဒုက္ခသည်စခန်းအမှတ် ၂ မယ့်ဆူရင်းစခန်းမှာ ၂၂ ရက်နေ့ ညနေ ၃ နာရီက မီးစတင်လောင်ကျွမ်းခဲ့တာပါ။

ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကရင်နီ လူငယ်တဦးက “ရပ်ကွက်သစ်မီးလောင်တယ်ကြားလို့ လာကြည့်တော့ ဦးလေး စောဘဦး အိမ်မှာ စပြီးလောင်နေတယ်။ မီးရှို့သလိုမျိုး ပြောကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ လူလည်းမရှိဘူး။ မီးလည်း မမွေးထားဘူး။ မီးက အိမ်ခေါင်မိုးအဖျားကနေပြီး လောင်တာ။ ”

ကရင်နီ  ဒုက္ခသည်စခန်း အမှတ် ၂ မှာ အိမ်ခြေ ၇၀၀ လောက်ရှိပါတယ်။ အခု မီးဟာ ရပ်ကွက် အမှတ် ၁ က စခဲ့ပြီး နောက်ပိုင်းမှာ ရပ်ကွက်အမှတ် ၄ ကို ကူးစက်သွားခဲ့ပြီး အိမ် ၄၀၀ ကျော် မီးထဲပါသွားခဲ့ပါတယ်။

အခုအခါမှာ အရေးပေါ် ကယ်ဆယ်ရေးတွေ လိုအပ်နေပါပြီး
ဒဏ်ရာရရှိသူတွေကိုတော့ မယ်ဆောင်ဆောင်ဆေးရုံနဲ့ ချင်းမိုင်ဆေးရုံတွေကို ပို့ဆောင်ကုသနေပါတယ်။

ထိုင်းအစိုးရ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း အင်းအားပြည့် သွားရောက် ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။
စခန်းနေ ကျောင်းဆရာမတဦးက စာသင်ကျောင်းတွေလည်း မီးလောင်သွားသလို စာအုပ်တွေလည်း မရှိတဲ့အတွက် ကလေးတွေ စာသင်ကြားဖို့ အခက်အခဲ ဖြစ်နေပြီလို့ ပြောပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၂ မှာ ကရင်နီ ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော်နေထိုင်နေကြပါတယ်။

အမှားပြင်ဆင်ချက်။ ။ စခန်းတာဝန်ရှိသူကို မတ် ၂၅ ရက်နေ့ ဆက်သွယ်မေးမြန်းချက်အရ သေဆုံးသူအရေအတွက်ဟာ “၄၀” ကျော် မဟုတ်ဘဲ စုစုပေါင်း “၃၇” ဦးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013