Sunday, June 11, 2023
Homeမွနျမာသတငျးဘာသာရေးရွာတန်းကျေးရွာ မီးရှို့မှု အိမ်ခြေ ၅၅ လုံး မီးလောင်

ရွာတန်းကျေးရွာ မီးရှို့မှု အိမ်ခြေ ၅၅ လုံး မီးလောင်

ရမည်းသင်းနဲ့ ၉ မိုင် ပတ်ဝန်းကျင်လောက်က ရွာတန်းကျေးရွာမှာ မတ် ၂၃ ရက်နေ့က လူအုပ်စုတစုက မီးရှို့မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ် ၅၅ လုံး မီးလောင်သွားတယ်လို့ သိရပါတယ်။

မတ် ၂၃ ရက်ည ၇ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်အများစု မီးလောင်သွားသလို ဗလီတလုံးလည်း မီးရှို့ခံလိုက်ရတယ်လို့ ရမည်းသင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဦးမျိုးသင်းက ပြောပါတယ်။

“ရွာတွေအများကြီးတန်းထားတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည ၇ နာရီခွဲလောက်မှာ စပြီးဖြစ်ကြတယ်။ အဲမှာရှိတဲ့ ဗလီတလုံး ပျက်သွားတယ်။ အိမ်တွေ ၅၅ လုံး မီးလောင်သွားတယ်။ လူကတော့ အသေအပျောက်မရှိဘူး။ နောက်ပြီး အစ္စလာမ်ဘာသာဝင်တွေပိုင်တဲ့ ဈေးဆိုင်လေးတွေက ပစ္စည်းတွေ ယူကြတယ်။ အခြေအနေက အခုတော့ ကောင်းသွားပါပြီ။”

ရွာခံတွေရဲ့အပြောအရ ဒီလိုမီးရှို့ဖျက်ဆီးတဲ့လူတွေဟာ မျက်နှာစိမ်းအဖွဲ့တဖွဲ့ဖြစ်ပြီး အခုတော့ လုံခြုံရေးတွေ ချထားတယ်လို့လည်း သူက ဆိုပါတယ်။ ည ၁၁ နာရီလောက်မှာ မီးတွေ ငြိမ်းသွားတယ်လို့လည်း သူက ပြောပါတယ်။

ရမည်းသင်း ရဲတပ်ဖွဲ့ကို ဒီသတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ အဓိကရုဏ်း ဖြစ်ပွားခဲ့တာကို အတည်ပြုခဲ့ပြီး စခန်းက လုံခြုံရေးတွေ ချထားရကြောင်း ပြောဆိုပါတယ်။ တာဝန်ကျတဲ့သူတွေ ပြန်လည် မရောက်ရှိသေးတဲ့ အတွက် အသေးစိတ်ကိုတော့ ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular