ရွှေ့ပြောင်းအလုပ်သမားများအတွက် မြဝတီရှိ တရားမဝင် နယ်စပ်ဂိတ် ၃ ဂိတ် အချိန်ပိုင်းဖွင့်
DVB
·
March 20, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း-မြန်မာနယ်စပ် တရားမဝင် အောက်ဂိတ်တွေအားလုံးကို မတ်လ ၂၀ ရက်နေ့မှ စတင်ကာကူးသန်းသွားလာခွင့်တွေ ပိတ်ထားလိုက်ပါတယ်။
ဒါပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအသွားအပြန် အဆင်ပြေစေဖို့ ဘောဂိတ်၊ မိုးကုတ်ဂိတ်၊ ဆီးဂဲလ်ဂိတ်တွေကိုတော့ မနက် ၆ နာရီမှ ၉ နာရီအထိ တကြိမ်၊ ညနေ ၄ နာရီ မှ ၇ နာရီထိတကြိမ် ဖွင့်လှစ်ပေးထားပါတယ်။
ရွေ့ပြောင်းလုပ်သားတွေကို ကျန်းမာရေးစစ်ဆေးပြီးမှသာ ဝင်ခွင်/ထွက်ခွင့် ပြုပေးမှာဖြစ်ပြီး COVID- 19 ကူးစက်ရောဂါစစ်ဆေးခြင်း၊ မှတ်တမ်းပြုစုခြင်း အဖွဲ့တွေ ထားရှိစစ်ဆေးနေတယ်လို့ လည်းသိရပါတယ်။
Photo - Saw Tar Tu / MPA