Home
သတင်းဓာတ်ပုံ
ဒဂုံတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၂၀၀၀ ခန့်ရှိ
DVB
·
March 20, 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒဂုံတက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲ၊ ဒုတိယနေ့မှာ စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ ၂၀၀၀ လောက်ရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။ လာရောက်မဖြေဆိုသူကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အစားထိုးစာမေးပွဲ ပြန်လည်ကျင်းပတဲ့အခါ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်ပြီး ဖြေဆိုခွင့်ရှိမယ်လို့ သိရပါတယ်။ အစားထိုးစာမေးပွဲ ပြန်လည်ကျင်းပမယ့်အချိန်နဲ့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်ရမယ့် အချိန်တွေကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆွေးနွေးကာ ကြေညာပေးသွားမယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024