DVB Logo
Home
Lead Story
ဝင်းဦးအငယ်စား ဝဏ္ဏထွန်းနှင့် မေနန္ဒာကျော် စုံတွဲသရုပ်ဖော် "မန်းမြို့သူဇာမေ"(ရုပ်သံ)
DVB
·
March 19, 2020
ဝင်းဦးအငယ်စား ဝဏ္ဏထွန်းနှင့် မေနန္ဒာကျော် စုံတွဲသရုပ်ဖော် "မန်းမြို့သူဇာမေ"(ရုပ်သံ)
Donate to DVB

       “မန်းမြို့သူဇာမေ လှမ်းလို့မချူသာပေ… ဆန်းသမို့အမူအရာတွေ… နန်းလှသဇင် ညှာရေ မှန်းဆအစဉ်သာလေ… မန်း.. မန်းမြို့သူဇာမေ”

       ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး သင်္ကြန်သီချင်းတပုဒ်ဖြစ်တဲ့ “မန်းမြို့သူဇာမေ”သီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။

       ဒီသီချင်းကိုတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီး သရုပ်ဆောင် အဆိုတော် ဝင်း ဦးက သီဆိုခဲ့ပြီး မန္တလေးသင်္ကြန်နဲ့တွဲပြီး ထင်ရှားခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတပုဒ် ဖြစ်ပါတယ်။

       ခေတ်ပြိုင်တွေလို့ ပြောရမယ့် သရုပ်ဆောင်မင်းသမီးကြီး ခင်သန်းနုနဲ့အတူ ဝင်းဦး ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှု အရည်အသွေးတွေ၊ ထင်ရှားတဲ့ ကိုယ်ဟန်အမူအရာတွေ ဟာ ခုခေတ်ထိတိုင်အောင် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။

       သူတို့ ၂ ယောက်လုံးဟာ သူ့ခေတ်သူ့အခါက အကယ်ဒမီ ထူးချွန်ဆုတွေလည်း ဆွတ်ခူးရရှိခဲ့သူတွေ ဖြစ်ပါတယ်။

အခုနှစ်မှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲဟာ နှစ် ၁၀၀ ပြည့်အခမ်းအနားဖြစ်လာမှာမို့ ခမ်းခမ်းနားနား ကျင်းပဖို့ စီစဉ်ထားခဲ့ကြပေ မယ့် လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနိုင်ချေရှိတဲ့ အန္တရာယ်ကြောင့် အခမ်း အနား ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းထားခဲ့တာပါ။

ဒါပေမယ့် ရွှေကြိုမျိုးဆက်သစ်သရုပ်ဆောင်မောင်မယ် ရွေးချယ်ပွဲတွေကိုတော့ အ ရည်အချင်းစစ်ကာ အဆင့်ဆင့်ရွေးချယ်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ခုလတ်တလောမှာတော့ ရှေးယခင်ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေရဲ့ ပြောင်မြောက်တဲ့ သ ရုပ်ဆောင်မှုပြကွက်တွေနဲ့ ယှဉ်ပြိုင်မှုမှာ Top 40 ပြိုင်ပွဲဝင် ဝဏ္ဏထွန်းနှင့် မေနန္ဒာကျော် တို့ရဲ့ အကအလှသရုပ်ဖော်ပြကွက်တွေကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

       သူတို့ ၂ ယောက်ဟာ “မန်းမြို့သူဇာမေ”သီချင်းနဲ့အတူ တချိန်က အပြင်အဆင်၊ ဝတ်စားဆင်ယင်မှုတွေနဲ့ သရုပ်ဖော်တင်ဆက်ခဲ့မှုဟာ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

       ဝင်းဦးအငယ်စားလေးလို့ ဆိုရလောက်အောင် ဝဏ္ဏထွန်းရဲ့ ဟန်ပန်အမူအရာနဲ့ ခင်သန်းနုရဲ့ သရုပ်ဆောင်မှုလို တင်ဆက်သရုပ်ပြခဲ့သူ မေနန္ဒာကျော်တို့ရဲ့ အတွဲအဖက် ဟာ အချိတ်အဆက်မိမိနဲ့ ရှိနေခဲ့ပြီး လတ်တလောအွန်လိုင်းပေါ်မှာ ချီးကျုးအားပေးမှု တွေလည်း ရရှိနေပါတယ်။

       ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ “အကယ်ဒမီ ရွှေကြိုမောင်မယ်များ ရွေးချယ်ပွဲကြီး” ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013