ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ၊မရှိ စမ်းသပ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်ရန်  WHO တိုက်တွန်း

Reuters
ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရမှု ရှိ၊မရှိ စမ်းသပ်စစ်ဆေးတာတွေ တိုးလုပ်ကြဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့WHOက မတ်လ ၁၈ ရက်မှာ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။ ကျန်းမာရေးလုပ်သားတွေမှာ တကိုယ်ရေကာကွယ်ရေးပစ္စည်း (PPE) ပြတ်လပ်မယ့်ဘေးကို ရင်ဆိုင်ရလုနီးပါး ဖြစ်နေပြီလို့လည်း WHO အရေးပေါ်ကိစ္စရပ်များအစီအစဉ်ရဲ့ အမှုဆောင် ဒါရိုက်တာ မိုက်ကယ် ရိုင်ယန်က သတိပေး ပြောပါတယ်ေ  ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေးအတွက် လူစုလူဝေးတွေကို နှောင့်နှေး လျှော့ချဖို့ WHOက မူဝါဒတွေ အကောင်အထည်ဖော်ဖို့ သူက ထပ်လောင်း ပြောဆိုပါတယ်။ မတ်လ ၁၉ရက် နေမွန်းတည့်ချိန်ထိ အတည်ပြုချက်အရ ကမ္ဘာတဝန်း ၁၇၆ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေပြီး ရောဂါကူးစက်ခံလူနာဦးရေ ၂၂၀၀၀၀ နီးပါး ရှိပြီး ကူးစက်ခံ အယောက် ၈၉၇၀ သေဆုံးခဲ့ ပြီးပါပြီ။  ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာ သေဆုံးသူဦးရေထက် ကူးစက်ခံ တရုတ်ပြင်ပ နိုင်ငံ တွေမှာ သေဆုံးသူ ဦးရေက ပိုများလာတာကိုလည်း အတည်ပြုစာရင်းအင်းတွေအရ သိရပါတယ်။  ရောဂါစတင်ရာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာတော့ အသစ်ကူးစက်ခံ လူနာ မရှိတော့လို့ ဝူဟန်ကိုလာရောက်အားဖြည့်တဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ဝန်ထမ်းတွေ ဝူဟန်မြို့ကနေ ပြန်သွားကြပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up