Home
မြန်မာသတင်း
စစ်သုံ့ပန်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း ဓာတ်ပုံများ အေအေထုတ်ဖော်ပြသ
ဝဏ္ဏခွာညို
·
March 18, 2020
ရက္ခိုင့်တပ်တော်အေအေက ဖမ်ဆီးရမိခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ပဲခူးတိုင်းအခြေစိုက် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၇) ထံမှ DSA အပတ်စဉ် (၄၆) ဆင်း တပ်ရင်းမှူးဗိုလ်မှူး သက်နိုင်ဦးနဲ့ သုံ့ပန်းတွေ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံနဲ့တကွ မတ်လ ၁၈ ရက်နေ့ ဒီကနေ့ မှာဓာတ်ပုံတကွထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဝဗျူးဟာကုန်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ အကြားမတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ခမရ(၇) ရဲ့ တပ်ရင်းမှူး သက်နိုင်ဦး အပါအဝင် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံးစုစုပေါင်း ၂၀ ဦးလောက်ကို လက်ရ ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၁၁ ရက်နေ့ကလည်း မြန်မာတပ်မတော် တပ်မ ၇၇ လက်အောက်ခံ၊ ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ အခြေစိုက်၊ ခမရ(၇) မှ ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်မှူး တစ်ဦး၊ အခြားဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၀ ဦးခန့်ကို လက်နက် ၁၄ လက်ခဲယမ်းတချို့နဲ့ အတူ ထပ်မံလက်ရ ဖမ်းဆီးရမိထားတယ်လို့ ရက္ခိုင့်တပ်တော်အေအေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်က ၃၈ ဦးကို ဖမ်းဆီးရရမိထားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲက ၄ ဦးမှာ အရေးပေါ်ခွဲ စိတ်ကုသဖို့ လိုအပ်နေတာကြောင့် ပြန်လွှတ်စေလိုတယ်လို့ ရက္ခိုင့်တပ်အေအေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို ရက္ခိုင့်တပ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတို့အညီ ကောင်းကောင်း မွန်မွန်ထိန်းသိမ်းထားမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။ အေအေအဖွဲ့က ပြန်လွှတ်ပေးဖို့ ကမ်းလှမ်းထားတဲ့ ဒဏ်ရာရတပ်မတော်သားနှစ်ဦးကို ကယ်တင်နိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေဆဲဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024