Home
မြန်မာသတင်း
မိတ္ထီလာတွင် ထမင်းပေါင်းအိုး အပူလွန်ကဲပြီး မီးလောင်၊ လူနေအိမ် ၁၂ လုံး ဆုံးရှုံး
DVB
·
March 18, 2020
90051628_3199850226820639_6506961979851145216_o
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက် နယ်မြေ(၈) စိန်ပန်းလမ်းမှာ မတ်လ ၁၇ ရက်က ထမင်းပေါင်းအိုး အပူလွန်ကဲပြီး အနီးရှိ ဝါးထရံကို မီးကူးစက်လောင်ရာက လူနေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့ဒုဦးစီးမှူး ဦးပြည့်ဖြိုးအောင်က "သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၈၀ လောက်နဲ့ မီးသတ်ကား ၁၃ စီးအသုံးပြုပြီး မီးငြှိမ်းရတယ်။ အိမ်ထောင်စု ၁၅ စုက မီးဘေးသင့် ပြည်သူ ၈၇ ဦးကို အမှတ်(၁၉) အ.မ.ကကျောင်းမှာ နေရာချထားပါတယ်။" လို့ ပြောပါတယ်။ အဆိုပါမီးလောင်မှုမှာ ဆုံးရှုံးပျက်စီးမှု တန်ဖိုး ကျပ်  ၁၄ သိန်းခွဲဖိုး လောက်ရှိမယ် ခန့်မှန်းထားတယ်။ ဒေသခံဦးဇော်က "ပေါင်းအိုးနဲ့ ထမင်းချက်ရင် ဂရုစိုက် ချက်စေချင်တယ်။ အော်တိုတက်မှာပဲ ဆိုပြီး ပစ်မထားခဲ့ပါနဲ့ အပူရှိန်လွန်တော့ မီးထတောက်တာပေါ့ လေငြိမ်နေလို့ တော်သေးတယ်။ အိမ် ၁၂ လုံးလောက်ကို မိနစ်ပိုင်းလေးအတွင်း လောင်သွားတယ်။ လူနေအိမ်တွေ စိပ်နေတာရယ် သစ်ပင်ကြီးတွေမရှိတာရယ်က မီးကူးစက်ရတာ မြန်သွားတယ်" လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းမှာ ကိုမျိုးလှိုင်ဦး (၂၄ နှစ်)ကို မီးပေါ့ဆစွာအသုံးပြုမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024