A d v e r t i s e m e n t With Us

အက်သလက်တီကို ကစားသမား ထရစ်ပီယာ အသင်းဟောင်း ဘန်လေတွင် ကစားသမားဘဝ အဆုံးသတ်ချင်

skysports
အသင်းဟောင်း ဘန်လေမှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်တယ်လို့ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကိုင်ရန်ထရစ်ပီယာက ထုတ်ဖော်ပြောပါတယ်။ ထရစ်ပီယာဟာ ဘန်လေအသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၃ ရာသီ ကစားပေးခဲ့ပြီးတော့ သူ့ရဲပြောကြားချက်တွေအရ ဘန်လေအသင်းနဲ့ အမှတ်တရတွေ ရှိခဲ့ပုံပေါ်ပါတယ်။  ထရစ်ပီယာက ဘန်လေအသင်းမှာ ကစားသမားဘဝ ကုန်ဆုံးဖို့ ရည်မှန်းချက်ဖြစ်သလို တနေ့မှာ ဘန်လေ နည်းပြဖြစ်လာချင်ကြောင်း ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up