Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း လေဘေးအန္တရာယ်ကာကွယ်ရန် ဆင်းရဲနွမ်းပါး နေအိမ် ၁၀၀၀ ကို ပြုပြင်ပေး
DVB
·
March 17, 2020
90238076_2278119545822827_8266199507918651392_n
90141258_2278119782489470_1746716946780389376_n
90138009_2278119692489479_7068879079537115136_n
89967942_2278119832489465_6941666404542185472_n
89822684_2278119642489484_3539484404059471872_n
89814831_2278119739156141_5885815275403608064_n
မကွေးတိုင်းအတွင်း လေဘေးအန္တရယ်ကာကွယ်နိုင်ဖို့အတွက် ဆင်းရဲနွမ်းပါးတဲ့ နေအိမ် ၁၀၀၀ ကို ပြုပြင်ပေးနေတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိုးက "ဆင်းရဲနွမ်းပါးပြီး အမှီခိုကင်းမဲ့တဲ့ အိမ်ခြေ ၁၀၀၀ ကို အကြမ်းဖျင်း ၁ အိမ် ၁ သောင်းခွဲကျပ်နှုန်းနဲ့ ကျပ်သိန်း ၁၅၀ သုံးစွဲကာ ပြုပြင်တည်ဆောက်ပေးနေတာပါ။  မကွေးတိုင်းအတွင်း ဧပြီနဲ့ မေလတွေမှာ လေဘေးအန္တရာယ် ကျရောက်နိုင်ပြီး ပြည်သူလူထုအနေနဲ့ လေပြင်းဘေးအန္တရာယ်ကနေ လျော့ပါးသက်သာစေဖို့ စီမံချက်ချပြီး စာရင်းကောက်ယူကာ ဆောင်ရွက်ပေးနေတာပါ။ အခု လိုပြုပြင်ပေးလိုက်တဲ့အတွက် လေပြင်းဘေးကျရောက်ခဲ့ရင်တောင် ပျက်စီးဆုံးရှုံးမှု နည်းပါးသွားမယ်လို့ ကျေးလက်မြေပရဟိတအဖွဲ့ ဦးဆောင်သူ ကိုဇော်မင်းထိုက်က ပြောပါတယ်။ "ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေအနေနဲ့ ထရံအပေါက်အပြဲတွေ၊ ထန်းရွက်ကလေးတွေကာရန် ပြီး နေကြရတာ။ တကယ်လိုပ်နေတဲ့နေရာ မပြည့်တဲ့အိုးတွေကို ဖြည့်ဆည်းလုပ်ကိုင် ဆောင်ရွက်ပေး လို့ နိုင်ငံတော်အစိုးရကို ကျေးဇူးတင်တယ်။"  မကွေးတိုင်းအတွင်း လေပြင်းဘေးအန္တရာယ် ကာကွယ်နိုင်ဖို့ မကွေး၊ ပခုက္ကူ၊ ဂန့်ဂေါ၊ ချောက်၊ သရက်မြို့နယ် ၅ မြို့နယ် သတ်မှတ်ရွေးချယ်ပြီး တမြို့နယ်ကို အိမ်ခြေ ၂၀၀ စီ ကွင်းဆင်းပြုပြင်ပေးနေတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က လေပြင်းဘေး ၂၂၇ ကြိမ်ကျရောက်ခဲ့ပြီး လူနေအိမ်ခြေပေါင်း ၆၁၀၅ လုံး ပျက်စီးယိုယွင်းမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024