Home
မြန်မာသတင်း
မိုင်းဆတ်စာစစ်ဌာနတွင် အဖြေလွှာနှင့် စာမေးပွဲဖြေခွင့်ကတ်ပြားများ ခိုးယူခံရ
DVB
·
March 17, 2020
89737689_214238433289370_7930678393626951680_n
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့အထက်တန်းကျောင်း စာစစ်ဌာနမှာ မနေ့က အဖြေလွှာစာအုပ်တွေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ စာမေးပွဲကြီးကြပ်ရေးမှူးက ပြောပါတယ်။ မတ်လ ၁၆ ရက် မနက် ၄ နာရီမှာ စာမေးပွဲကြီးကြပ်ရေးမှူး ဦးစိုင်းရှဲန်နဲ့ လက်ထောက် ကြီးကြပ်ရေးမှူး ဦးငြိမ်းချမ်းတို့က ကြီးကြပ်ရေးမှူးရုံးခန်းအတွင်း မြန်မာနိုင်ငံ စာစစ်ဌာနမှ ထုတ်ပေးထားတဲ့ အဖြေလွှာ(အလွတ်)တွေ ထုတ်ယူစဉ် ဘီဒိုပွင့်နေတဲ့အတွက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ အဖြေလွှာစာအုပ်(အလွတ်) ၁၂၇၂ အုပ်၊ အဖြေလွှာစာရွက်အပို ၁၀၉၃ ရွက်၊ စာမေးပွဲဖြေဆိုခွင့် ပန်းရောင်ကတ်ပြား ၂၁ ကတ်၊ အစိမ်းရောင်ကတ်ပြား ၄၅၀ ကတ်တို့နဲ့အတူ  ဘီဒိုဘေးရှိ သေတ္တာအတွင်း စာစစ်ဌာနကြီးကြပ်ရေးမှူးလက်မှတ်နဲ့ တံဆိပ်ရိုက်နှိပ်ထားတဲ့ အဖြေလွှာ (အလွတ်) ၄၄၈ အုပ် ဖောက်ထွင်းခိုးယူခံခဲ့ရတာပါ။ ကြီးကြပ်ရေးမှူးက ဦးစိုင်းရှဲန်က "အခန်းပြူတင်းတံခါးချက်တွေနဲ့ သော့တွေလည်း မပျက်စီးဘဲ ပျောက်ဆုံးနေတာ တွေ့ရတာကြောင့် မိုင်းဆတ်စာစစ်ဌာန ကြီးကြပ်ရေးမှူးရုံးရဲ့ စာအမှတ်,၀၁၈/တက္ကသိုလ်ဝင်(စာစစ်)/2020 ဒီနေ့ရက်စွဲနဲ့ပဲ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်'' လို့ ပြောပါတယ်။ မိုင်းဆတ်မြို့မရဲစခန်း (ပ)၆၂/၂၀၂၀ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်ထားပြီး တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ သတင်း - အောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024