Home
မြန်မာသတင်း
ပလက်ဝမြို့နယ် ကျေးရွာသား ၃ ဦးကို အေအေဖမ်းဆီး
DVB
·
March 16, 2020
ပလက်ဝမြို့နယ်၊ ကေသရွာမှာ ဆန်တောင်းတာ မပေးနိုင်လို့ ရွာသား ၃ ဦးကို အေအေတပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးသွားတယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC) က ပြောပါတယ်။ ရက္ခိုင့်တပ်မတော် (အေအေ)‌ တပ်ဖွဲ့၀င်အချို့ဟာ ဒီနေ့မနက်ပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကေသရွာမှာ ဆန်လာရောက်တောင်းယူခဲ့တာဖြစ်ပြီး ဆန်မပေးနိုင်တဲ့အတွက် ဖမ်းဆီးသွားတာလို့ KACC အဖွဲ့ တာ၀န်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ အေအေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ သူတို့အနေနဲ့ အဲဒီလိုဖမ်းဆီးတာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။ ပလက်၀မြို့နယ်မှာ အေအေနဲ့ တပ်မတော်တို့ကြား အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး အရပ်သား  ၂၁ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရှိထားတယ်လို့ ကေအေစီစီက ပြောပါတယ်။ လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်း မနေ့ညပိုင်းကစလို့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024