DVB Logo
Home
ကျန်းမာရေး
COVID-19 ရောဂါပိုးကို ပျံ့နှံ့စေနိုင်တဲ့ အရာဝတ္တုနဲ့ နေရာများ
DVB
·
March 15, 2020
COVID-19 ရောဂါပိုးကို ပျံ့နှံ့စေနိုင်တဲ့ အရာဝတ္တုနဲ့ နေရာများ
Donate to DVB

COVID-19 ရောဂါဆိုးရဲ့ ပျံ့နှံ့မှုနှုန်းဟာ တရုတ်နိုင်ငံမှာ ကျဆင်းသွားပေမယ့် နိုင်ငံတကာမှာတော့ သိသိသာသာလျှင်မြန်နေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိမှာ ကူးစက်ခံရသူမရှိသေးပေမယ့် သံသယလူနာအများအပြားရှိနေပြီး ကြပ်မတ်စောင့်ကြည့်မှု ခံနေကြရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်တွေအရ ပြည်တွင်းမှာလည်း လူစုလူဝေးဖြစ်နိုင်တဲ့ အခမ်းအနားတစ်ချို့ကို ဆိုင်းငံ့သွားဖို့ရှိနေပြီးတော့ ပြည်ပခရီးသည်ဝင်ရောက်မှုတွေကိုလည်း ပိုမိုတင်းကျပ်သွားဖို့ရှိနေတယ်လို့ သိထားရပါတယ်။

လက်ရှိအချိန်အထိ COVID-19 ရောဂါကူးစက်ခံထားရသူ အရေအတွက် ကမ္ဘာတစ်ဝှမ်းမှာ ၁၃၄၆၈၁ ဦးအထိရှိနေပြီဖြစ်ပြီးတော့ သေဆုံးသူ အရေအတွက် ၄၉၇၃ ဦးအထိ ရှိထားပါတယ်။ ပြန်လည်ကျန်းမာလာသူအရေအတွက်လည်း တိုးပွားလာနေပြီးတော့ ၆၉၁၄၂ ဦးအထိ ရှိလာနေပြီဖြစ်ပါတယ်။

ရောဂါပြန့်နှံ့မှုနှုန်း မလျော့ကျသွားသေးတာကြောင့် လူထုအတွင်းမှာ စိုးရိမ်မှုတွေ မြင့်မားနေသလို ဘယ်လို အကြောင်းအချင်းအရာတွေကြောင့်၊ ဘယ်လိုကြားခံပစ္စည်းတွေကြောင့် ရောဂါပိုး ကူးစက်လာနိုင်သလဲဆိုတာကိုလည်း သိလိုစိတ်မြင့်မားနေကြပါတယ်။

လက်ရှိအချိန်အထိ စမ်းသပ်လေ့လာချက်တွေအရ COVID-19 ရောဂါဟာ အရာဝတ္တုပစ္စည်းတွေထံမှာ ကပ်ညိတွယ်နေနိုင်စွမ်းရှိပြီးတော့ ပျမ်းမျှ ၂၄ နာရီအထိ ရှင်သန်နိုင်ပါတယ်။ အထူးသဖြင့် မာကျောတဲ့ အရာဝတ္တုတွေအပေါ်မှာဖြစ်ပါတယ်။ ရောဂါပိုးရဲ့ ရှင်သန်နိုင်စွမ်းဟာ အရာဝတ္တုရဲ့ အပူချိန်နဲ့ စိုထိုင်းစပေါ်မှာ မူတည်မှာဖြစ်ပါတယ်။

COVID-19 ရောဂါပိုး တွယ်ငြိနေနိုင်တဲ့ အရာဝတ္တုတွေနဲ့ နေရာတွေကတော့

  • တံခါးလက်ကိုင်ဘု – တံခါးလက်ကိုင်ဘုဟာ လူအများအပြား ထိတွေ့နိုင်တဲ့ အရာဖြစ်ပြီး ပျံ့နှံ့နိုင်ချေအများဆုံး ပစ္စည်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
  • ဓာတ်လှေကား ခလုတ် – လူအများနေ့စဉ်ထိတွေ့နေတဲ့ ဓာတ်လှေကားခလုတ်ဟာလည်း ရောဂါပိုးပျံ့နှံ့စေဖို့ တွန်းအားတစ်ရပ်ဖြစ်တာမို့ သတိထားအသုံးပြုရမယ့် အရာဖြစ်ပါတယ်။
  • မာကျောသော မျက်နှာပြင်များ – COVID-19 မာကျောတဲ့ သတ္တုမျက်နှာပြင်တွေနဲ့ ပလက်စတစ်မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီနဲ့ အထက် ရှင်သန်နိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။
  • မိုဘိုင်းလ်ဖုန်း – ဘက်တီးရီးယားပိုးတွေ တွယ်ညိနေတတ်တဲ့ မိုဘိုင်းဖုန်းတွေဟာလည်း ရောဂါပိုးကူးစက်နိုင်ခြေများတဲ့ အရာတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဖုန်းတွေဟာ မျက်နှာ၊ လက်စတဲ့ အစိတ်အပိုင်းတွေနဲ့ အမြဲထိတွေ့နေရသလို နေရာတိုင်းကို သယ်ဆောင်သွားလေ့ရှိတာကြောင့် ရောဂါကူးစက်နိုင်ခြေမြင့်မားပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဖုန်းမျက်နှာပြင်ကနေတဆင့် ကူးစက်တယ်ဆိုတဲ့ သက်သေမျိုး မပြသနိုင်သေးပါဘူး။
  • ပိုက်ဆံ – လူပေါင်းများစွာရဲ့ လက်ထဲကို တဆင့်ပြီးတဆင့် ပြောင်းလဲရောက်ရှိနေတတ်တဲ့ ငွေစက္ကူတွေဟာ ရောဂါပိုးကူးစက်နိုင်ခြေအမြင့်ဆုံး အရာဖြစ်တယ်လို့ အမေရိကန် CDC က ဆိုထားပါတယ်။
  • Self-service checkouts – လေဆိပ်တွေနဲ့ ခရီးသွားနေရာတွေက ကိုယ်တိုင် Self-service checkouts လုပ်တဲ့ စက်တွေကလည်း ရောဂါပျံ့နှံ့စေနိုင်တဲ့ နေရာတွေဖြစ်ပါတယ်။
  • Touch screens များ – ရုပ်ရှင်ရုံတွေနဲ့ အသင့်စား စားသောက်ဆိုင်တွေက ကိုယ်တိုင် အစားအစာမှာယူတဲ့ Touch screens တွေဟာလည်း ရောဂါပိုးကူးစက်နိုင်ချေရှိတဲ့အရာတွေဖြစ်ပါတယ်။
  • Vending machines – အစားအစာနဲ့ အချိုရည်တွေ ဝယ်ယူလို့ရတဲ့ Vending machines စက်တွေကလည်း ပိုးမွှားကပ်ညိနိုင်တဲ့အရာတွေပါ။
  • Remote Control- နေအိမ်တွေမှာ နေ့စဉ်အသုံးပြုနေတဲ့ တီဗီ၊ Air-con နဲ့ ရုပ်သံစက်တွေက Remote Control တွေဟာလည်း ရောဂါပျံ့နှံ့စေနိုင်ပါတယ်။

နေရာများ

World Health Organisation (WHO) ကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရောတွေ၊ လူစုလူဝေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ အခမ်းအနားတွေဟာ ရောဂါကူးစက်နိုင်ချေမြင့်မားတဲ့နေရာတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အောက်ပါနေရာတွေကလည်း ရောဂါပိုးပျံ့နှံ့မှုကိုတွန်းအားဖြစ်စေနိုင်တယ်လို့ ဆိုထားပါသေးတယ်။

တစ်ဖက်မှာလည်း ကျွမ်းကျင်သူတွေရဲ့ အဆိုအရ COVID-19 ရောဂါပိုး ကပ်ညိနိုင်ခြေဟာ ထီထိုးသလို အခြေအနေမျိုးလို ဆိုထားတာရှိပါတယ်။ ဘယ်နေရာ ဘယ်အခြေအနေကနေ ကူးစက်မယ်ဆိုတာကို အတိအကျ ခန့်မှန်းဖို့ သိပ်ခက်တာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းဖို့နဲ့ သက်ဆိုင်ရာဌာနတွေက ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ကလည်း အရေးအကြီးဆုံးပါပဲ။

ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013