အီရန်ဗိုလ်မှူးချုပ်တဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံး

1.7K
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ဗိုလ်မှူးချုပ်ကြီး နတ်ဆာရှာဘာနီဟာ Covid-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၁၃ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ အီရန်နိုင်ငံရဲ့ Fars သတင်းဌာနမှာ ဖော်ပြပါတယ်။
ကွယ်လွန်သူ ရှာဘာနီဟာ အီရန်-အီရတ် စစ်ပွဲကာလ ၁၉၈၂ ခုနှစ်ကတည်းက အီရန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာလို့ Fars သတင်းကိုကိုးကားပြီး Anadolu သတင်း အေဂျင်စီမှာ ဖော်ပြပါတယ်။
ရှာဘာနီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ အီရန်ထိပ်တန်းနိုင်ငံရေး၊ ဘာသာရေးနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေထဲက တဦးပါ။
အီရန်ဟာ ဗိုင်းရပ်စ်စတင်ပြန့်ပွားပြီးနောက်ပိုင်း ဆိုးရွားရွားပျံ့နှံ့ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
ဒီဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်းသေဆုံးသူ အရေအတွက်ဟာ ဒီနေ့မွန်းလွဲပိုင်းအထိ ကူးစက်ခံရသူ ၁၁၃၆၄ ဦး၊ သေဆုံးသူ ၅၁၄ ဦးရှိခဲ့ပြီး ကူးစက်ခံ နိုင်ငံတွေထဲမှာ သေဆုံးမှု တတိယ အများဆုံးနိုင်ငံဖြစ်ပါတယ်။