Homeမြန်မာသတင်း
နယူးဒေလီတွင် စောင့်ကြည့်နေသည့် ဝူဟန်က မြန်မာကျောင်းသား ၂ ဦး ကိုရိုနာဗိုင်းရပ်စ်မရှိ၊ မြန်မာနိုင်ငံကို ယနေ့ပြန်ရောက်
နယူးဒေလီတွင် စောင့်ကြည့်နေသည့် ဝူဟန်က မြန်မာကျောင်းသား ၂ ဦး ကိုရိုနာဗိုင်းရပ်စ်မရှိ၊ မြန်မာနိုင်ငံကို ယနေ့ပြန်ရောက်
DVB
·
March 14, 2020
အိန္ဒိယနိုင်ငံအစိုးရရဲ့အကူအညီနဲ့ ၁၄ ရက်ကြာ စောင့်ကြည့်နေတဲ့ ဝူဟန်မြို့က မြန်မာပညာတော်သင်ကျောင်းသား ၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ရန်ကုန်မြို့ကို ဒီမနက် ပြန်ရောက်လာပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
သူတို့ကို အိန္ဒိယနိုင်ငံအစိုးရရဲ့အကူအညီနဲ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ဝူဟန်မြို့ကနေ နယူးဒေလီမြို့သို့ ခေါ်ဆောင်ခဲ့ပြီး စောင့်ကြည့်ကာလအဖြစ် ၁၄ ရက် နေထိုင်ခဲ့ရပါတယ်။
ဒေလီမှာနေစဉ် မြန်မာသံရုံးက ကူညီပံ့ပိုးပေးခဲ့ပြီး သူတို့ဟာ COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ရရှိခဲ့တာကြောင့် နယူးဒေလီကနေ ရန်ကုန်ကို ပြန်ပြီးရောက်ရှိလာတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်က မြန်မာပညာသင် ၆၃ ဦးကို ဝူဟန်မြို့ကနေ မြန်မာနိုင်ငံကို အထူးလေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ရာမှာ သူတို့ ၂ ဦးဟာ ကိုနာဗိုင်းရပ်စ်သံသယ ဖြစ်ဖွယ်ရှိတာကြောင့် ဝူဟန်မြို့မှာပဲ စောင့်ကြည့်ကုသခံခဲ့ရတာပါ။