ချဲလ်ဆီးကွင်းလယ်လူ ဝီလီယံကို ခေါ်မည့်အသင်းများထဲ ဂျူဗင်တပ်စ် ပါဝင်လာ

ချဲလ်ဆီးကွင်းလယ်လူ ဝီလီယံကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်လာပါတယ်။  ဝီလီယံဟာ ချဲလ်ဆီးအသင်းနဲ့ အခုနှစ် ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု အဆင်မပြေ ဖြစ်နေတာပါ။ ဒီအခြေအနေကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတွေက စိတ်ဝင်စားနေတာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်ရှိ ဘရာဇီးသား ဝီလီယံဟာ အသင်းနဲ့ သုံးနှစ်စာချုပ် သက်တမ်းတိုးလိုပေမဲ့ အသင်းက ၂ နှစ် သက်တမ်းတိုးစာချုပ်နဲ့သာ ကမ်းလှမ်းထားတာကြောင့် အဆင်မပြေဖြစ်နေတာလို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။  ဝီလီယံဟာ အခုနှစ်ရာသီမှာ အသင်းအတွက် ၃၇ ပွဲ ကစားပေးထားပြီး ၇ ဂိုး သွင်းပေးထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up