Home
မြန်မာသတင်း
ဖွဲ့စည်းပုံပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သည့် ပုဒ်မ ၅၅ ခု ပြင်ဆင်ရေး ပုဒ်မ ၂ ခုသာ ပြင်ဆင်နိုင်
နေဖြိုးဝင်း
·
March 13, 2020
89930535_3306555922692737_2257080561875025920_o
89941664_2554001421513112_145555410869288960_o
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်မှာမဲခွဲဆုံးဖြတ် နေတာမှာ ပုဒ်မ ၄၃၆(က)နဲ့အကျုံးဝင်တဲ့ ပုဒ်မ ၅၅ ခုပါ ဥပဒေကြမ်းတစ်ခုဟာ မတ်လ ၁၃ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီအောင် တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို လျော့ချဖို့ ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးထားတဲ့ ပုဒ်မ ၅၅ ခုအနက် တပ်မတော်နဲ့ပဲ သက်ဆိုင်တဲ့ ပုဒ်မ ၂ ခုပဲ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီကနေ့ မဲခွဲဆုံးဖြတ်တဲ့ ပုဒ်မ ၄၃၆(က)ပါ အချက်တွေကို ပြင်ဆင်လိုရင် ရွေးကောက် တင်မြှောက်ခံကိုယ်စားလှယ် အားလုံးရဲ့ သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ဖို့သဘောတူလက်ခံပြီးရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးသူအားလုံးရဲ့ထက် ဝက်ကျော်ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်၊ ပုဒ်မ ၄၃၆(ခ)မှာ ပုဒ်မ(က)မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်ချက်တွေကအပ အခြားပြဋ္ဌာန်းချက်တွေကို ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ သုံးပုံနှစ်ပုံကျော် ထောက်ခံဆ န္ဒမဲနဲ့သာ ပြင်ဆင်ရမယ်ဆိုတဲ့ အချက်တွေအပါအဝင် ပုဒ်မ ၁၂ ခုလုံး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ရှုံးနိမ့်ခဲ့ ပါတယ်။ “မအောင်မြင်ဘူးဆိုတာ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေက တဖက်သတ် အသာစီးရယူထားတဲ့ဟာကြောင့် မအောင်မြင်တာပါ။ မဲအရေအတွက်ကို ကြည့်လို့ရှိရင် ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ၈၅ ရာခိုင်နှုန်း ကျော်ပေါ့၊ ဒီနေ့ဆို ၈၆ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့တာတွေ့ရပါတယ်။ တပ်မတော်ဘက် ကတော့ အသာစီးယူထားတဲ့ ၂၅ ရာခိုင်နှုန်းအပြင် တချို့သူထောက်ခံတဲ့ တချို့နဲ့ ဒီဟာကြီးကို အတည်မဖြစ်အောင် လုပ်ခဲ့တဲ့ သဘောပါပဲ”လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။ ပုဒ်မ ၄၃၆(က)နဲ့အကျုံးဝင်တဲ့ ပုဒ်မ ၅၅ ခုပါ ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်တာ ပြီးတဲ့အတွက် နောက်ပတ်မှာ ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ပုဒ် ၈၀ ခုပါ ဥပဒေမူကြမ်းကို ဆက်လက် မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024