ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်မသွားကြရန်နှင့် သွားနေသူများ ပြန်လာကြရန်တိုက်တွန်း
DVB
·
March 12, 2020
အိန္ဒိယနိုင်ငံကို ဖြတ်သန်းသွားလာရတဲ့ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်တွေ မသွားကြဖို့နဲ့ ရောက်နှင့်ပြီးသားသူတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ဒီနေ့နောက်ဆုံးထား ပြန်ဝင်ရောက်ကြဖို့ သာသနာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့ဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ နိုင်ငံအားလုံးကို ဗီဇာပိတ်ပင်ပြီးတဲ့နောက်မှာ ခုလိုထုတ်ပြန်လိုက်တာပါ။
ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ လက်ရှိဘုရားဖူးလှည့်လည်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်တွေရှိနေပြီး ဒါနဲ့ပတ်သက်လို့ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၇၀ ကျော်ရှိနေနေပြီး မတ်လ ၁၃ ရက်မှ ဧပြီလ ၁၅ ရက်နေ့အထိ ဗီဇာပိတ်ပင်မယ်လို့ ထုတ်ပြန်ထားတယ်။