Home
မြန်မာသတင်း
လူစုလူဝေးကိစ္စ အစိုးရက စည်းမျဉ်းစည်းကမ်းများ သတ်မှတ်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 12, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ကြေညာလိုက်ပြီးနောက် လူစုလူဝေးလုပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ မတ်လ ၁၂ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ကျင်းပတဲ့ UPDJC အစည်းအဝေးအဖွင့် အမှာစကားမှာ ပြောဆိုခဲ့တာပါ။ “အများလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ WHO က နေပြီးတော့ COVID 19နဲ့ ပတ်သက်ပြီး pandemic ဆိုပြီး ကြေညာလိုက်ပါပြီ ကျမက ဒီနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် လူစုလူဝေးလုပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရကနေ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဒီကနေ့ နေ့လယ်မှာ အစည်းအဝေးရှိပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးပွဲလမ်းသဘင်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့နဲ့ မဖြစ်မနေကျင်းပရမယ့်ပွဲလမ်းသဘင်တွေကိုသာ ကျင်းပဖို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အရင်ကတည်းက ထုတ်ပြန်ထားတာရှိပါတယ်။  ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ခုသီတင်းပတ်တွေအတွင်း နိုင်ငံအနှံ့ လှည့်လည်သွားရောက်ပြီး လူပေါင်း ထောင်သောင်းချီပါဝင်တက်ရောက်တဲ့ လူထုတွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024