မြန်မာသံနှင့် ရက်ပ်တေးသွားပေါင်းစပ်ထားသည့် မေသက်ထားဆွေသီဆိုသည့် သင်္ကြန်သီချင်း (ရုပ်သံ)
DVB
·
March 12, 2020
“တန်ခူးလပေမို့ မြူးကြွနေလို့… စိတ်ကလေးမထိန်းနိုင်ပါ… တရားပြနေလား… အားမကျပါဘူး… ဒီသင်္ကြန်ရက်လေးမှာ… ညိုမြတို့လည်း ပိုကမှာ… အပျော်ဆုံးအချိန်မို့ မတားနဲ့ ကိုရာ”
ဒါကတော့ မကြာမီ ကျရောက်လာတော့မယ့် သင်္ကြန်ရာသီအမီ ထွက်ရှိလာတဲ့ မေသက်ထားဆွေရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။
“ကပ်မလိုက်နဲ့”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး သဟာအောင်က ရေးဖွဲ့ပေးထားခဲ့တာဖြစ်ပြီး ထူးထူးခြားခြား ရက်ပ်အဆိုတော် သန့်ဇင်ရဲ့ ပေါင်းစပ်သီဆိုမှုနဲ့ အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
“စိတ်မချနိုင်လည်း နောက်ကနေအမြဲ တကောက်ကောက်လိုက်ပါကွာ… အ ကြောင်းတရားတွေနဲ့ ခေါင်းမစားပါနဲ့ ဒီသင်္ကြန်ရက်လေးမှာ… လူကြီးလူကောင်းပုံဖမ်း ကာ… လာမချုပ်ပါနဲ့ အနားက ခွာနေပါ”
မေသက်ထားဆွေဟာ ကလေးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Starlet’s Sky – ကြယ် ကလေးတွေရဲ့ ဂီတမိုးကောင်းကင် စင်မြင့်ပေါ်မှတဆင့် ဂီတလောကဆီ လျှောက်လှမ်း လာခဲ့သူ ဖြစ်ပါတယ်။
များသောအားဖြင့်တော့ မြန်မာသံစဉ်သီချင်းတွေ၊ သီချင်းကြီး သီချင်းခန့်တွေနဲ့ သူ့ ကို တွဲဖက်မှတ်မိနေကြမယ့် ပရိသတ်တွေအတွက်တော့ ခုထွက်ရှိလာတဲ့ သင်္ကြန်သီချင်း သစ်က ရသပုံစံတမျိုး ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
“ကလေးကလား အထာတွေ မများနဲ့… ဘေးက ကညာတွေကြားမှာ… ကိုယ်က မင်းအနား မခွဲတမ်းနေတာ… မင်းလေးကပဲ လေးစားကာ နေပါ… အနီးအနားမှာနေကာ လက်ကို ဆွဲထား… ပြောလိုက်ရင်တော့ အရာရာတိုင်းကို တတ်သလိုပေါ့ဗျာ… ဟာ… အ မှတ်ဆိုလည်း မထား… လူကြားထဲမှာ အနမ်းတွေပေးမိ… ရှက်သလိုပဲဗျာ… လမ်းကူး ရင် စိတ်မလောနဲ့… အသက်အပိုလည်းမပါ… လှိမ့်ဆူကာ ပြောတာမဟုတ်ဘူး… ကိုယ့် ချစ်သူလေး တခုခုဖြစ်မှာ စိတ်ပူတာပေါ့နော်… သင်္ကြန်မှာကဲတာ သတိနဲ့ ကဲပါ… သိပ် လူက ပေါတော့”
မြူးကြွတဲ့ စည်းချက်သံစဉ်တွေနဲ့ ဒီသီချင်းရုပ်သံကိုတော့ Tay Than Thar Music ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ ပါတယ်။