ကမ္ဘာ့အကြီးဆုံး ကွာချယ်လာဂီတပွဲတော် ကျင်းပရက် အောက်တိုဘာသို့ ရွှေ့ဆိုင်း

INDIO, CA - APRIL 23: Porter Robinson & Madeon performs on the Coachella Stage during day 3 of the 2017 Coachella Valley Music & Arts Festival (Weekend 2) at the Empire Polo Club on April 23, 2017 in Indio, California. (Photo by Christopher Polk/Getty Images for Coachella)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ကန္တာရထဲက ကွာချယ်လာ ဂီတပွဲတော်ကို လာမယ့် အောက်တိုဘာလမှာမှ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ ပွဲစီစဉ်သူ Goldenvoice က မတ် ၁၀ ရက်မှာ ပြောပါတယ်။ Covid-19  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဘေးကို စိုးရိမ်လို့ ခုလို ရွှေ့ဆိုင်းတာလို့လည်း သူက ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး ဂီတပွဲတော်တွေထဲက တခုဖြစ်တဲ့ ကွာချယ်လာ ဂီတပွဲတော်ဟာ လော့စ်အိန်ဂျလိစ်မြို့ အရှေ့ပိုင်းက အင်ဒီယို လေဟာပြင်မှာ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်ကြား နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ပွဲတော်ပါ။ ပရိသတ် ၅ သိန်းလောက် တက်ရောက်လေ့ရှိတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up