တိုက်စစ်မှူးအူဘာမီယန်းကို အာဆင်နယ်အသင်း ရောင်းချဖွယ်ရှိ

772
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးအူဘာမီယန်းရဲ့ လုပ်ခတိုးမြှင့်တောင်းဆိုမူကြောင့် ရောင်းချရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြ ဂိုးတွေသွင်းယူနေပြီး ပရီးမီးယားလိဂ်မှာ ၁၇ ဂိုးအထိ သွင်းယူထားတာပါ။
အူဘာမီယန်းဟာ အခုနှစ်ရာသီကုန်မှာ အသင်းနဲ့ တနှစ်သက်တမ်းစာချုပ်သာ ကျန်ရှိတော့မှာဖြစ်ပါတယ်။
ဒါကြောင့် ရာသီအကုန်မှာ စာချုပ်သက်တမ်းတိုးဖို့အတွက် အာဆင်နယ်အသင်းက ကမ်းလှမ်း ထားပေမယ့် အူဘာမီယန်းရဲ့ဘက်က တပတ်လုပ်ခပေါင် ၂ သိန်းအထိ အလိုရှိနေတယ်လို့ သိရပါတယ်။
အသက် ၃၀ နှစ်ရှိ ဂါဘွန်တိုက်စစ်မှူးအူဘာမီယန်းဟာ လက်ရှိအချိန်မှာ တပတ်တ်လုပ်ခပေါင် ၂ သိန်းလောက် ရရှိနေပြီး ပေါင် ၃ သိန်းအထိ တိုးမြှင့်တောင်းဆိုမူကြောင့် အသင်းမှာ ဆက်ရှိဖို့ ခက်ခဲနိုင်ကြောင်း သုံသပ်နေကြပါတယ်။