မကူးစက်နိုင်တဲ့ ရောဂါများအကြောင်း
DVB
·
March 8, 2020
WHO အဆိုအရဆိုရင် မကူးစက်နိုင်တဲ့ ရောဂါ (Non communicable diseases, NCD) တွေကြောင့် တစ်နှစ်ကို လူပေါင်း ၃၈သန်းလောက် သေဆုံးနေပါတယ်။ ဒီထဲမှ ၁၆သန်းလောက်က အရွယ်မတိုင်ခင် သေဆုံးနေပါတယ်။ ဒီဂဏန်းက ရှေ့ကိုလည်း ဆက်တက်ဖို့ ရှိပါသေးတယ်။ အရင်ကတော့ NCDကို သူဌေးရောဂါလို့ ခေါ်ကြပါတယ်။ စားကောင်း သောက်ကောင်း စားပြီး အဆီယစ်တဲ့ သူဌေးတွေမှာပဲ ဖြစ်တယ်ပေါ့။ ခုကတော့ လူတွေက အရင်လိုမဟုတ်ဘူး။ အသင့်စား အစားအစာတွေလည်း စားလာကြတယ်။ တစ်နေကုန်ထိုင်ပြီးလည်း အလုပ်လုပ်ရတယ်။ လေ့ကျင့်ခန်း လုပ်ဖို့လည်း အချိန်မရှိကြတော့ဘူး။ ဒါကြောင့် တဖြည်းဖြည်း အဝလွန်ပြီး ရောဂါတွေ ဝင်လာပါတော့တယ်။
အရင်က ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာပဲ တွေ့ရပေမယ့် ခုကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ တွေ့နေရပါပြီ။ ပိုဆိုးတာက သူတို့မှာက ကူးစက်ရောဂါဖြစ်နှုန်းကလည်း မကျသေးဘူး။ မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်နှုန်းကလည်း တဖြည်းဖြည်း တက်လာတယ်။ ဒါကို မိအေးနှစ်ခါနာ (double burden) လို့ ခေါ်ပါတယ်။
ဒီတော့ မကူးစက်နိုင်တဲ့ ရောဂါက လူတိုင်းနဲ့ သက်ဆိုင်နေပါပြီ။ ဒါကြောင့် မကူးစက်နိုင်တဲ့ ရောဂါမှာ ဘာတွေပါလဲ။ ဘယ်လို ကာကွယ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။
မကူးစက်နိုင်တဲ့ ရောဂါဆိုတာ ဘာလဲ။
စကားအတိုင်း လူတစ်ယောက်ကနေ တစ်ယောက်ကို ချောင်းဆိုး နှာချေတာ၊ ထိတွေ့မိတာကနေ မကူးနိုင်ပါဘူး။ မြင်လွယ်အောင် ဆီးချိုရောဂါနဲ့ ဥပမာ ပေးပါမယ်။ ဆီးချိုက တစ်ယောက်ကနေ တစ်ယောက်ကို မကူးနိုင်ပါဘူး။ ဒါလူတိုင်း သိပါတယ်။ နောက်ပြီး နာတာရှည် ဖြစ်တာများပါတယ်။ အမြစ်ပြတ် ကုလို့ရတာ ရှားပါတယ်။ ဆေးတွေနဲ့ ရောဂါထိန်းတာ၊ နောက်ဆက်တွဲ မဝင်အောင် ထိန်းထားရပါတယ်။ လက္ခဏာ ပြခဲပါတယ်။ သွေးတိုးနေပေမယ့် ခေါင်းမူးတယ်ဆိုတဲ့ လူက ခပ်ရှားရှားပါ။ ဒါကြောင့်လည်း လူတွေက မကြောက်ကြတာပါ။ ဆက်ပြီး အဖြစ်များတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေကို ပြောပြပေးပါမယ်။မကူးစက်နိုင်တဲ့ ရောဂါများ
- နှလုံးသွေးကြောရောဂါများ
- ဆီးချိုရောဂါ
- နာတာရှည်ကျောက်ကပ်ရောဂါ
စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲခြင်း ( lifestyle modification)
- အရက်လျှော့သောက်ပါ။
- လှုပ်လှုပ်ရှားရှား မနေခြင်း
- ဆား လျှော့စားပါ။
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး လျှော့ပါ။
- သွေးပေါင်ချိန်ကို ထိန်းပါ။
- ဆီးချို ထိန်းပါ။
- ကိုယ်အလေးချိန် ထိန်းပါ။