A d v e r t i s e m e n t With Us

လီဗာပူးနှင့် အာဆင်နယ် နိုင်၊ စပါး သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကြီးတွေထဲက လီဗာပူးနဲ့ အာဆင်နယ်နိုင်ပြီး စပါး သရေကျသွားပါတယ်။  အစောဆုံးပွဲစဉ်မှာ လီဗာပူးက ဘုန်းမောက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားလို့ နှစ်ပေါင်း ၃၀ အတွင်း ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ နီးစပ်သွားပါတယ်။  အာဆင်နယ်ကတော့ အိမ်ကွင်းမှာ တိုက်စစ်မှူး လာကာဇက်ရဲ့ တလုံးတည်းသော ဂိုးနဲ့ ဝက်စ်ဟမ်းကို အနိုင်ရသွားပါတယ်။  ဒီပွဲနိုင်လို့ နည်းပြ အာတီတာအတွက် ရာသီကုန်ရင် အဆင့် (၄) ဝင်ရေး အိမ်မက်တွေ မက်ခွင့်ရသွားပါတယ်။  စပါးကတော့ အဝေးကွင်းမှာ ဘန်လေနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲသရေကျလို့ စပါးက ၄၁ မှတ်နဲ့ အဆင့် ၈ နေရာကို လျောကျသွားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up