Homeမြန်မာသတင်း
စစ်သံမှူးနှင့် သတင်းထောက်များလိုက်ပါလာသည့် စစ်ရဟတ်ယာဉ် မတော်တဆဖြစ် လေယာဉ်မှူး ၂ ဦး ဒဏ်ရာရ
စစ်သံမှူးနှင့် သတင်းထောက်များလိုက်ပါလာသည့် စစ်ရဟတ်ယာဉ် မတော်တဆဖြစ် လေယာဉ်မှူး ၂ ဦး ဒဏ်ရာရ
DVB
·
March 6, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်းကျေးရွာအနီးမှာ တပ်မတော် ရဟတ်ယာဉ်တစီး ဒီနေ့ ညနေ ၃ ခွဲလောက်က စက်ချို့ယွင်းပျက်ကျပြီး လေယာဉ်မှူး ၂ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာမှာ တပ်မတော်က ဖမ်းဆီးရမိတဲ့ ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သွားကြည့်ရှုခဲ့တဲ့ နိုင်ငံခြားစစ်သံမှူးတွေနဲ့ သတင်းထောက်တွေလိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျံတက်ကာစမှာ မတော်တဆဖြစ်ပွားခဲ့တာပါ။
စစ်သံမှူးတွေနဲ့ သတင်းထောက်တွေကတော့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိသလို ဒဏ်ရာရသွားတဲ့ လေယာဉ်မှူး ၂ ဦးဟာလည်း အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၃ ရက်အတွင်း ငွေကျပ် ၉၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို တပ်မတော်က သိမ်းဆည်းရမိခဲ့တာပါ။