Live
Home
မြန်မာသတင်း
အထက်မင်းလှမြို့နယ်ရှိ တရားမဝင် ရေနံချက်ဖိုများကို ဝန်ကြီးကိုယ်တိုင်သွားရောက်ဖမ်းဆီး
DVB
·
March 6, 2020
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်မှာ မတ်လ ၅ ရက်က တရားမဝင် ရေနံချက်ဖို ၅ လုံးကို တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး သယံဇာတ၊သဘာဝပတ်ဝန်ကျင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က "တရားမဝင်တာကို တားဆီးရမှာက အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဌာန အားလုံးမှာ တာဝန်ရှိလို့ ဆောင်ရွက်ခဲ့တာပါ။ တရားမဝင်ရေ နံချက်ဖို ၅ လုံး ဖမ်းဆီးရမိခဲ့တာပါ။ ပခုက္ကူဘက်မှာလည်း အသေးစား ရေနံချက်စက်ရုံတွေ တည်ဆောက်နေတာ တော်တော်ခရီးရောက် နေပြီလို့"ပြောပါတယ်။ ရေနံမနယ်မြေ စခန်းမှူး ရဲအုပ်အောင်မင်းဦးက "မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်ကျင်၊ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က တရားမဝင်ရေနံ ချက်ဖို ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာပါ။ ရေနံချက်ဖိုပိုင်ရှင်တွေ စုံစမ်းဖော်ထုတ်သွားမှာပါ လို့"ပြောပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရေနံမနယ်မြေရဲစခန်းမှာ ရေနံနဲ့ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မင်းထီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024