Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပြိုကျပြီး မြေတူးယာဉ်မောင်းသူ ၁ ဦး သေဆုံး
DVB
·
March 6, 2020
89438479_1067726576916406_118803897828507648_n
89017597_1067726680249729_3224104616211775488_n
88225230_1067726620249735_2386307108380344320_n
88056288_1067726736916390_8341863023354314752_n
88024596_1067726706916393_6381484497413603328_n
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆွတ်ငိုင်ယန်ကျေးရွာရှိ ယူနတီကုမ္ပဏီလုပ်ကွက်မှာ မတ်လ ၅ ရက် မနက်က မြေစာပြိုကျပြီး မြေတူးယာဉ်နဲ့အတူ ယာဉ်မောင်းသူ တဦး မြေစာဖုံး သေဆုံးခဲ့တယ်လို့ ရှာဖွေရာမှာ ပါဝင်တဲ့ မီးသတ်တာဝန်ရှိသူတဦးက ပြောပါတယ်။ ယူနတီကုမ္ပဏီလုပ်ကွက်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေစဉ် အမြင့်ပေ ၄၀၀ လောက်ရှိတဲ့ ကမ်းပါးယံမြေစာပြိုကျခဲ့ပြီး မြေတူးယာဉ်မောင်း ဦးစိုးနိုင်နဲ့ အတူ VOLVOL-700 အမျိုးအစားယာဉ်တို့ကို မြေစာတွေဖုံး ပျောက်ဆုံးခဲ့တာပါ။ ပျောက်ဆုံးနေတဲ့ မြေတူးယာဉ်နဲ့ ယာဉ်မောင်းတို့ကို ယူနတီကျောက်မျက်တူးဖော်ရေး ဝန်ထမ်းတွေနဲ့ ဖားကန့်မြို့နယ် မီးသတ်ဖွဲ့ဝင်တွေက ကူညီရှာဖွေပေးခဲ့ပြီး မတ်လ ၅ ရက် မနက် ၉ နာရီအချိန်မှာ ယာဉ်မောင်းဦးစိုးနိုင်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယာဉ်မောင်းဦးစိုးနိုင်ရဲ့ ရုပ်အလောင်းကို ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဖားကန့် မြို့နယ်ရဲစခန်းက ရဲဆေးစာမှတ်တမ်းရယူထားပါတယ်။ သတင်း - မုန်းမုန်းမင်း၊ ဓာတ်ပုံ - ဝင်းနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024