Home
မြန်မာသတင်း
ဟွာရှိန်အထည်ချုပ်စက်ရုံ ကျပ်သိန်း ၁၀၀၀ ကျော်အခိုးခံရမှု ၂ လအကြာတွင် ဖမ်းမိ
DVB
·
March 5, 2020
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ ဂုန်မင်းမြောင်ကျေးရွာရှိ ဟွာရှိန် အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို လစာပေးမယ့် သိန်းပေါင်း ၁၀၀၀ ကျော် ခိုးယူခဲ့သူတွေကို ၂ လအကြာမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သာယာဝတီမြို့မရဲစခန်းက သိရပါတယ်။ စက်ရုံက အလုပ်သမားတွေကိုရှင်းပေးမယ့် လစာငွေ ကျပ်သိန်း ၁၀၀၀ ကျော်ပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး မတ်လ ၄ ရက်နေ့က စက်ရုံမှာအလုပ်လုပ်နေတဲ့ သန့်ဇင်ကို မသင်္ကာတဲ့အတွက် စစ်ဆေးရာက အတူခိုးယူခဲ့သူတွေကိုပါ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာပါ။ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်ညက ငယ်ကြီး(ခ)သန့်ဇင်၊ မိုးသူ၊ သက်နိုင်ဦး၊ ဖြိုးလေးတို့နဲ့အတူ ခိုးယူခဲ့တာဖြစ်ပါတယ်။  ဒီအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရာမှာ သန့်ဇင်ထံက ၁၈,၀၉၁,၁၅၀ ကျပ်၊ ဖြိုးလေးထံက  ၄၂၆,၃၀၀ ကျပ်နဲ့ vivo လက်ကိုင်ဖုန်းတစ်လုံး၊ သက်နိုင်ဦးထံက ၂၄၀ သိန်းကျပ်နဲ့ ရွှေထည်ပစ္စည်းမျိုးစုံ ၁၃ မျိုး၊ ၁၅ ပဲရည် အလေးချိန် ၄ ကျပ်သားခန့် (တန်ဖိုးငွေ ၄၀ သိန်း)၊ မိုးသူထံကနေ အိမ်လှေကား အောက်မှာ ပီနံအိတ်နဲ့ထည့်မြုပ်ထားတဲ့ငွေသား ၁၈,၀၅၈,၀၀၀ ကျပ် လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး စုစုပေါင်းပျောက်ဆုံးငွေ သိန်း ၁၀၀၀ ကျော်ထဲက ကျပ်သိန်း ၅၆၀ ကျော်နဲ့ ရွှေထည်ပစ္စည်း ၁၃ မျိုး၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ဆိုင်ကယ်တစ်စီးတို့ကို ပြန်လည်သိမ်းဆည်းမိခဲ့တာပါ။ စက်ရုံကနေ ငွေတွေခိုးယူခဲ့သူ သန့်ဇင်၊ မိုးသူ၊ ဖြိုးလေးနဲ့ သက်နိုင်ဦးတို့ကို သာယာဝတီမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024