DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆက်မလုပ်သင့်ဟု ရှေ့နေများကွန်ရက် ပြော
DVB
·
March 17, 2013
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်မလုပ်သင့်ဘူးလို့ ယူဆကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေးနီစီမံကိန်းဟာ တိုင်းပြည်အတွက်လည်း အကျိုးသိပ်မရှိ၊ ပြည်သူတွေလည်း မလိုလား၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့လည်း မကာမိတဲ့အတွက် ဆက်မလုပ်သင့်ဘူးလို့ ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စာမျက်နှာ ၇၀ ကျော်ပါရှိတဲ့ လက်ပန်းတောင်း ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်ပန်းတောင်းကြေးနီစီမံကိန်း ကော်မရှင်အစီရင်ခံစာအပေါ် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က မတ် ၁၅ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ခဲ့တာဖြစ်ပြီး စာချုပ်ပါ စည်းကမ်းချက်တွေကို ပြန်လည်ညှိနှိုင်းပြီး နစ်နာတယ်ဆိုပါက နစ်နာတဲ့ဘက်ကို နစ်နာကြေးပေး ဖြေရှင်းသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒေသခံ ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ လက်ပန်းတောင်းတောင်စီမံကိန်းကို ဆက်မလုပ်ဘဲ ရပ်ဆိုင်းခြင်းဖြင့် နိုင်ငံတော်နဲ့ ကော်မရှင်တို့က ကူညီစောင့်ရှောက်ပေးဖို့ ရှေ့နေများကွန်ရက်က တိုက်တွန်းပါတယ်။

စီမံကိန်းမှာ နိုင်ငံတော်နဲ့ ပုဂ္ဂလိက စီးပွားရေးဦးပိုင်လီမီတက်အကြား။ စီးပွားရေးဦးပိုင်လီမီတက်နဲ့ တရုတ်ပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီအကြား။ တရုတ်ပိုင် မြန်မာဝမ်ဘောင်ကုမ္ပဏီနဲ့ ဒေသခံပြည်သူတွေအကြား ချုပ်ဆိုခဲ့တဲ့ ပဋိညာဥပဒေအရ တရားဝင်အတည်ဖြစ်စေတဲ့  အင်္ဂါရပ်အချက်အလက်တွေနဲ့ ပြည့်စုံညီညွတ်မှုမရှိတဲ့အတွက် စတင်ချုပ်ဆိုတဲ့အချိန်ကစလို ဥပဒေအရ အတည်မဖြစ် ပျက်ပြယ်လျက်ရှိကြောင်း အစီရင်ခံစာ သုံးသပ်ချက်များအရ မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တွေ့ရှိရသဖြင့် စီမံကိန်းအား ဆက်လက်လုပ်ကိုင်ခြင်းကို ကန့်ကွက်ကြောင်း ကြေညာထားပါတယ်။
သပိတ်စခန်းဖြိုခွင်းတုန်းက မီးစုန်းဓာတ်ပါတဲ့၊ မီးလောင်စေတတ်တဲ့ လက်နက်တွေနဲ့ အလွန်အမင်းသုံးစွဲ အကြမ်းအဖက် ဖြိုခွဲမှုကိုလည်း ဥပဒေကြောင်းအရ အရေးယူဖို့ ၊ အစီရင်ခံစာကို ကန့်ကွက်တဲ့အပြင် တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေးး၊ အမျိုးသားအကျိုးစီးပွားရေးနဲ့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့တည်တံ့ရေးအတွက် တရားဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေတွေနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013