ဟိန္ဒူရိုးရာ ဓားတက်ပွဲ
DVB
·
March 5, 2020
နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဟိန္ဒူရိုးရာ ဓားတက်ပူဇော်ပွဲကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်ရပ်ကွက် ၁၁၈ လမ်းထိပ်ရှိ စရီမဟာမူနီး(စ်)ဝရန်ဘုရားကျောင်းမှာ မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဓားတက်ပူဇော်ပွဲကို ဟိန္ဒူဘာသာဝင်တွေထဲက တမီးလ်လူမျိုးစုကသာပြုလုပ်လေ့ရှိပြီး တမီးလ်ပြက္ခဒိန် ဆယ်လမြောက်ဖြစ်တဲ့ ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီလအတွင်းတွင် အဓိဌာန် ဥပုသ်စောင့်ကာ မီးနင်းခြင်း၊ အပ်စိုက်ခြင်း၊ ဓားတက်ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။
Photo - Kyaw Swar Tun / MPA