လူသတ်ထွက်ပြေးလာသည့် တရုတ် ၂ ဦးကို မြန်မာရဲက ဖမ်းဆီးရမိပြီး ထိုင်းရဲထံ လွှဲအပ်
DVB
·
March 4, 2020
ထိုင်းနိုင်ငံကနေ လူသတ်ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကရင်ပြည်နယ် မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
လွှဲပြောင်းပေးအပ်တဲ့ တရုတ်လူမျိုး ၂ ဦးဟာ ဖေဖော်ဝါရီ ၂၅ ရက်က ထိုင်းနိုင်ငံ ကမ်းဖဲဖေ့ခရိုင်မှာ ဂိမ်းလောင်းကစားဆုံးရှုံးခဲ့တဲ့အကြွေး ပြန်တောင်းရာက အချင်းများကာ အမျိုးသမီးက အော်ဟစ်တဲ့အတွက် ဝမ်းဗိုက်ကို ဓားနဲ့ ထိုးသတ်ခဲ့ပြီး အမျိုးသားကိုတော့ ပါးစပ်ပိတ်ကြိုးတုတ်ကာ ခရီးသည်အိတ်ထဲထည့်ကာ ကမ်းဖဲဖေ့ခရိုင်တံတားပေါ်ကနေ မဲ့ပိန်းမြစ်အတွင်းပြစ်ချခဲ့ပါတယ်။
ဒီနောက် မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာမှာ တရုတ်နိုင်ငံသား လူသတ်သမားကို ဖမ်းဆီးပေးဖို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ထိုင်းဘက်က တရားဝင်အကူအညီတောင်းခဲ့တဲ့အတွက် မတ်လ ၂ ရက်နေ့မှာ ငွေဆောင်ကမ်းခြေမှာ မြန်မာရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖိုးစီ