အမျိုးသမီးလက်ရွေးစင်ဘောလုံးသမားဟောင်း စန်းစန်းမော်ရဲ့ အကြော်တဲကလေး(ဓာတ်ပုံ)
DVB
·
March 3, 2020
မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးကစားသမားဟောင်း စန်းစန်းမော်ရဲ့ အ ကြော်တဲကလေးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံဟာ အင်တာနက်လူမှုကွန်ရက်စာမျက် နှာတွေပေါ်မှာ လူပြောများစိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့ပါတယ်။
အဲဒီပုံကိုတော့ နာမည်ကြီး ဘောလုံးသမား ကြည်လွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင် တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
“တချိန်က မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းရဲ့ နောက်တန်း အုတ်တံတိုင်း ကြီး စန်းစန်းမော်။ သူရဲ့အကြော်စုံဆိုင်လေးဝင်ရောက်အားပေး သူကိုခင်မင်သူ အပေါင်း အသင်းများ သုဝဏ္ဏဘောလုံးကွင်းရောက်ရင်ပူပူနွေးနွေးစားလို့ရကြောင်းပါ”
စန်းစန်းမော်ဟာ တချိန်က ဘောလုံးပရိတ်သတ်တွေကြားမှာတော့ တကယ့်ကို ရေပန်းစားထင်ရှားခဲ့တဲ့ ကစားသမားကောင်းတယောက် ဖြစ်ခဲ့တာပါ။
လက်ရှိမှာတော့ ခုလို အကြော်ဆိုင်လေးနဲ့ ရပ်တည်နေတဲ့အပေါ် ပရိသတ်တွေက အားမလို အားမရဖြစ်ခဲ့ကြပြီး မှတ်ချက်တွေ အမျိုးမျိုး ရေးသားနေကြတာ ဖြစ်ပါတယ်။
Tun Ohmarkyaw အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ “စိတ်မကောင်း လိုက်တာ။ မြန်မာပြည်က အားကစားသမားတွေအကုန်လုံးက ဝါသနာအရသာ လုပ်ကြ တာ။ သူတို့အတွက် ဘဝအာမခံချက် ဘာမှ မရှိဘူး။ နားတော့ ခိုလှုံရာမဲ့တဲ့သူတွေ မြင်ရ ပေါင်းလည်းများပြီ။ ကစားရင်း မတော်တဆ ဒဏ်ရာရသွားလို့ ဘဝတွေ မလှပနိုင်တာ လည်း မြင်ရပေါင်းများပြီ။ တကယ်စိတ်မကောင်းပါဘူး”လို့ မှတ်ချက်ရေးခဲ့တာကို တွေ့ရ ပါတယ်။
တချို့ကလည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေတိုင်းရဲ့ အဆုံးသတ်ဟာ မလှပဘူးလို့ ထောက်ပြဝေဖန်မှတ်ချက်တွေလည်း ရေးနေကြတာပါ။
လတ်တလောမှာတော့ ဒီဓာတ်ပုံကို ကြိုက်နှစ်သက်သူ ထောင်ချီရှိနေခဲ့ပြီဖြစ်ကာ မှတ်ချက်ပေးသူ၊ ပြန်လည်မျှဝေသူတွေလည်း များစွာ ရှိနေခဲ့တာ ဖြစ်ပါတယ်။