သက်တမ်း ၈၅ နှစ်ရှိ  AAP ဩစတေးလျသတင်းဌာန ရပ်ဆိုင်း

ဩစတေးလျ သတင်းဌာနတခုဖြစ်တဲ့ (AAP) ဟာ သက်တမ်း ၈၅ နှစ်ရှိပြီဖြစ်တဲ့ သူတို့ရဲ့ သတင်းဝန်ဆောင်မှုကို လာမယ့်ဇွန်လကစလို့ ရပ်ဆိုင်းတော့မယ်လို့ မတ် ၃ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။  အခမဲ့ အွန်လိုင်းသတင်းထုတ်လုပ်သူတွေနဲ့ မယှဉ်နိုင်လို့ (AAP) ဟာ သူ့ရဲ့ သတင်းဝန်ဆောင်မှုကို ရယူသုံးစွဲတဲ့ သတင်းဌာန အရေအတွက် ကျဆင်းလာခဲ့တာပါ။ AAP မှာ ရှယ်ယာတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်းအင်တာတိန်းမန့်တ်၊ နယူးစ်ကော်ပိုရေးရှင်း၊  ဩစတေးလျန်းကွန်မြူနတီ မီဒီယာတို့ကလည်း ပြန်နုတ်ထွက်သွားကြပါတယ်။  AAP ကို ၁၉၃၅ ခုနှစ်မှာ လက်ရှိ နယူးစ်ကော်ပိုရေးရှင်းရဲ့ စီအီးအိုနဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ရဲ့ ဖခင် ကိတ်မားဒေါ့က တည်ထောင်ခဲ့တာပါ။  AAP လုပ်ငန်း ရပ်ဆိုင်းမှုဟာ သြစတြေးလျမီဒီယာလုပ်ငန်းမှာ အကြီးဆုံးထိခိုက်မှုတွေထဲက တခုလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up