DVB Logo
Home
မြန်မာသတင်း
တုံရွာသပိတ်စခန်း ဖယ်ရှားရန် အကြောင်းကြား
DVB
·
March 15, 2013
တုံရွာသပိတ်စခန်း ဖယ်ရှားရန် အကြောင်းကြား
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တုံရွာသပိတ်စခန်း တည်ထားတဲ့နေရာဟာ လမ်းဧရိယာမှာ ပါနေတဲ့အတွက် ဖယ်ရှားပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက် လမ်းတံတားဌာန တာဝန်ရှိသူတွေ ဒီမနက် ၈ နာရီကျော်လောက်မှာ သပိတ်စခန်းက တာဝန်ရှိသူတွေကို အသိပေးပြောဆိုသွားပါတယ်။

[caption id="attachment_37449" align="alignright" width="300" caption="ဒေသခံများ မနေ့က ချီတက်ဆန္ဒပြစဉ်"][/caption]

နယ်မြေခံ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက “ဒီနေ့တော့ ဒီသပိတ်စခန်းကို စည်ပင်သာယာ လာပြီးဖျက်ခိုင်းနေတယ်။ သူတို့နာမည်ကို ချိတ်ဆွဲထားခြင်းမရှိသလို သူတို့ကို အင်တာဗျူးတော့လည်း အဗျူးမခံဘူး။ အထက်က အမိန့်အရ ကျနော်တို့က လုပ်ရတာပါ အဲလိုချည်းပြောတာ။ သူတို့ကို ဗွီဒီယိုရိုက်မယ်ဆိုတော့လည်း အရိုက်မခံဘူး” လို့ ပြောပါတယ်။

လာရောက်ဖယ်ခိုင်းချိန်က သပိတ်စခန်းမှာ လူ ၄၀ ကျော်ခန့်သာရှိပြီး လာရောက်တဲ့အဖွဲ့က ၅ ယောက်ပါဝင်ပြီး ပြန်သွားတယ်လို့ ဆိုပါတယ်။

တုံရွာဒေသခံ မခိုင်က "ကျမတို့ကတော့ ကြေးနီတောင် စီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒထုတ်ဖော်နေတာပါ။ အဲ့ဒီအတွက် သပိတ်စခန်းကို မဖယ်ရှားပေးနိုင်ပါဘူး" လို့ ပြောပါတယ်။

အဲဒီတုံရွာသပိတ်စခန်းဟာ မနှစ် နိုဝင်ဘာလကုန်ပိုင်းက သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီး ရက်ပိုင်းအတွင်း ပြန်လည်တည်ခဲ့တဲ့ သပိတ်စခန်း ဖြစ်ပါတယ်။

မနေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာတဲ့ခရီးစဉ်နဲ့အပြိုင် သူတို့သပိတ်စခန်းက ရာနဲ့ချီတဲ့ရွာသားတွေက ဒီစီမံကိန်း လုံးဝဖျက်သိမ်းဖို့ ၉ မိုင်လောက်အကွာက ၀မ်ပေါင်ရုံးထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က တုံရွာကို လာရောက်ပြီး အစီရင်ခံစာပါ အချက်တွေကို ရှင်းပြခဲ့ပါတယ်။ ဒေသခံတွေအနေနဲ့ ဆန္ဒပြမယ်ဆိုရင် ပြနိုင်ကြောင်းနဲ့ ဆန္ဒပြဖို့ ခွင့်တောင်းဖို့ ပြောဆိုခဲ့သလို အာဏာပိုင်တွေကလည်း ဆန္ဒပြခွင့်တောင်းရင် ပေးမယ်လို့ သူ့ကို ကတိပြုထားကြောင်း ရှင်းပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013