Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ရောဂါဂယက်ကြောင့် မြန်မာ့ရေထွက်ပစ္စည်းပို့ကုန် ဝင်ငွေကျဆင်း
DVB
·
March 3, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါဂယက်ကြောင့် မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေရရှိမှုက အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင်  ဖေဖော်ဝါရီ တလအတွင်းမှာ ဒေါ်လာ ၁ သန်းခွဲလောက် လျော့ကျခဲ့တယ်လို့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒီရောဂါဂယက်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ တတိယပတ်လောက်အထိ မူဆယ်လမ်းကြောင်းကနေ   ရေထွက်ကုန်တင်ပို့မှု လုံးဝရပ်တန့်ထားခဲ့ရတာလို့ မူဆယ် ၁၀၅-မိုင် ကုန်သွယ်ရေးဇုန် ညွှန်မှူး ဦးနန္ဒက ပြောပါတယ်။ “တန်ဖိုးအရ အရင်နှစ်ကဆိုရင် ဒေါ်လာ ၈ သန်းကျော်ပေါ့။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်အထိက ၆ ဒသမ ၅ သန်း ဆိုတော့ ၁ သန်းခွဲလောက် အရင်နှစ်ကာလတွေထက် လျော့နည်းတယ်။” ရေထွက်ကုန်ပစ္စည်းအနေနဲ့  မူဆယ်ဈေးကွက်ကို အခုရက်ပိုင်းအတွင်းမှာ အေးခဲငါးအမျိုးမျိုးက တရက်ကို ကားအစီးရေ  ၁၀ စီးအထက်အထိ ဝင်ရောက်နေပြီးတော့ ငါးရှဉ့်ကတော့ မွေးမြူတဲ့ကာလ မဟုတ်တဲ့အတွက် ကားအစီးရေ ၃ စီးဝန်းကျင်သာ နေ့စဉ် ဝင်ရောက်နေပါတယ်။  တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ ရေထွက်ပို့ကုန် နောက်တမျိုးဖြစ်တဲ့ ကဏန်းတွေ  တင်ပို့မှုကလည်း လျော့ကျနေသေးတယ်လို့ ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင် ဦးထွန်းအေးက ပြောပါတယ်။ “တရုတ်ဘက်က ဝယ်လိုအားတော့ သိပ်မရှိသေးဘူး။ ဒီဘက်က ပို့နိုင်တာကအရင်က ဆယ်စီးဆိုရင် အခု သုံးစီး၊ လေးစီးလောက်ပဲ ပို့နိုင်တယ်။ ဈေးကတော့ တက်မလာသေးဘူး။ ဝယ်လိုအားနည်းနေသေးတော့ ဈေးမရသေးဘူးပေါ့။” ပြည်တွင်း လက်လီဈေးကွက်မှာတော့  အေးခဲထားနိုင်တဲ့ ငါးအမျိုးမျိုး၊ ပုစွန်စတဲ့ ရေထွက်ပစ္စည်းတွေက အတက်အကျ သိပ်မရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေဆဲပါ။  ကဏန်းကတော့  ပြီးခဲ့တဲ့ ဇန်နဝါရီလက တပိဿာကို ကျပ် ၇၀၀၀ ဝန်းကျင် ဈေးရှိခဲ့ပြီး  ဖေဖော်ဝါရီလမှာ ကျပ် ၅၀၀၀ အထိ ဈေးကျဆင်းသွားပါတယ်။ သတင်း- စိုးချစ်ချစ်ပိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024