ရိန်းဂျားအသင်းနည်းပြ စတီဗင်ဂျာရတ် ရာထူး နုတ်ထွက်နိုင်

1K
စကော့တလန် ဖလားပွဲစဉ်မှာ ဟာ့တ်အသင်းကို ရှုံးနိမ့်ပြီးနောက် ရိန်းဂျားအသင်းရဲ့ နည်းပြ စတီဗင်ဂျာရတ်ဟာ ရာထူးက နုတ်ထွက်သွားနိုင်တယ်လို့ သိရပါတယ်။
သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ၄၈ နာရီအတွင်း ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်ပေမယ့် လီဗာပူး ဂန္ထဝင်ကစားသမားအနေနဲ့ ဘယ်အသင်းကို ကိုင်တွယ်ဖို့ ပစ်မှတ်ထားနေသလဲ ဆိုတာတောင် သတင်းထွက်လာခြင်း မရှိသေးပါဘူး။
ဂျာရတ်ဟာ ရိန်းဂျားအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ကွာတားဖိုင်နယ်အဆင့်ကိုပဲ ရောက်ရှိခဲ့တာဟာ အနိမ့်ဆုံး အောင်မြင်မှုလည်း ဖြစ်ပါတယ်။
လက်ရှိ စကော့တလန် ပရီးမီးယားရှစ်မှာလည်း ရိန်းဂျားအသင်းဟာ ဆဲလ်တစ်အသင်းရဲ့ နောက် တပွဲလျော့ ၁၂ မှတ်အကွာနဲ့ ရပ်တည်နေတာကြောင့် ၁၀ ပွဲလောက်ပဲ ကစားဖို့ ကျန်ရှိချိန်မှာ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရဖို့ သေချာနေပါတယ်။