တံတားဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၆ ဦးသေဆုံး
DVB
·
March 2, 2020
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ မနေ့ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့တာကြောင့် ၆ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၂၉/၂-၃) ကြားမှာ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က မန္တလေးကနေ နေပြည်တော်ဘက် ဇော်ဇော် (၅၀) နှစ် မောင်းနှင်ပြီး လူ ၁၂ ဦးလိုက်ပါလာတဲ့ 3G/×××× Hijet ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဇော်ဇော်ပါ ၆ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး) တို့ဟာ ဦးခေါင်း၊ မျက်နှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသူ ၆ ဦးထဲက အမျိုးသမီး ၄ ဦးကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေကို တံတားဦးမြို့ပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။